အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲအား၊ အ.ထ.က-၃ မင်္ဂလာဒုံကျောင်း၌ (၂၆-၆-၂၀၂၄)ရက်နေ့ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦး‌ထူးကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မင်္ဂလာဒုံမြို့နယ် အားကစားမှူးဒေါ်ခိုင်ဇာဝေမှ လူငယ်ရေးရာ အသိပညာပေး အကြောင်းအရာများဟောပြောခဲ့ပါသည်။

အသိပညာပေးဟောပြောပွဲတွင် မြန်မာ့သိုင်းအဖွဲ့၊ Fitness Danceအဖွဲ့ တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အင်းစိန်ခရိုင်အား/ကာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်တို့မှ ဂုဏ်ပြုဆု‌ငွေများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးမြို့နယ်အားကစားမှူးမှအ.ထ.က-(၃) ကျောင်းအုပ်ဆရာမကြီးအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)၊ အင်းစိန်ခရိုင်အား/ကာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်၊ မင်္ဂလာဒုံမြို့နယ် ပညာ‌ရေးမှူး ဒေါ်သန္တာဝင်း ၊ ဌာနဆိုင်ရာအကြီးအကဲများ၊အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း‌မှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် ဦးနေဆန်း နှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ပါ‌ကြောင်း တင်ပြအပ်ပါသည်။

ကမာရွတ်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲအခမ်းအနားအား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၆-၆-၂၀၂၄ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြင့်သူ၊ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂ )စိုးရန်နိုင်၊ ကမာရွတ်မြို့နယ် ပြန်/ဆက်ဦးစီးဒ်ါစိမ်းလဲ့၊ရန်ကုန်တိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ် ဦး‌‌ဌေးလင်း ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူး၊ ကမာရွတ်မြို့နယ်အားကစားမှူး‌ ဒေါ်ဇူလိုင်မွှေး၊ ခရိုင်အား/ကာ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ အပါအဝင် စုစုပေါင်းအင်အား ၂၃၀ ဦး တက်ရောက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အ.ထ.က-၇ အခြေခံပညာကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး‌ဟောပြောပွဲနှင့်အားကစားပစ္စည်း ထောက်ပံ့ပွဲကို ဇွန် ၂၆ ရက်နေ့ နံနက်(၉)နာရီ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာဝင်းမြတ်သူ မှ လူငယ်နှင့်ကျန်းမာရေးအကြောင်း၊ အင်းစိန်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဦးခိုင်မှ လူငယ်နှင့်အားကစားအကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာထွန်း မှ လူငယ်နှင့်စာပေ အကြောင်း ဟောပြောခဲ့ကြပါသည်

အသိပညာပေးဟောပြောပွဲတွင် Fitness Danceအဖွဲ့နှင့်တိုက်ကွမ်ဒိုအဖွဲ့များကသရုပ်ပြသကြပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆု‌ငွေများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါသည် အခမ်းအနားသို့ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ အင်းစိန်ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ၊အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း‌ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများကျောင်းသား/သူများ စုစုပေါင်းအင်အား (၄၅၀)ခန့် တက်ရောက်ကြပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောသုတ/ရသစာအုပ်စာစောင်များနှင့်အသိပညာပေးနံရံကပ်စာ စောင်များကိုလှည့်လည်ကြည့်ရှုကြကြောင်းတင်ပြအပ်ပါသည်။

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး‌ဟောပြောပွဲကိုအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇွန် ၂၆ရက်နေ့နံနက်(၁၀)နာရီကအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းပညာခန်းမ၌ ကျင်းပ သည်။

အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသက်မင်းအေးမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခိုင်ဝေဝေနှင်းကလူငယ်နှင့်အားကစားအကြောင်းအသိပညာပေးဟောပြောခဲ့ပြီးအားကစားပစ္စည်များကို‌အမှတ်(၁)ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှဦးစီးအရာရှိဒေါ်ချစ်စုဝေက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် ရိုးရာခြင်းအဖွဲ့ကသရုပ်ပြသကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်ခဲ့ပါသည်။