အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ရာ အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဒုတိယဥက္ကဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ပြည်နယ်/ခရိုင်/မြို့နယ်များမှ ကော်မတီအဖွဲ့ဝင်များ ၊ ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Online စနစ်ဖြင့်လည်းကောင်း ၊ ပရဟိတအသင်းအဖွဲ့များ နှင့် ဖိတ်ကြားထားသူများက တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီအနေနဲ့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သတ်မှတ်ပေးထားတဲ့ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀ -၂၀၂၄)တွင်ပါရှိတဲ့ လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ အဓိကကဏ္ဍ(၁၆)ခုနဲ့ပတ်သက်လို့ဦးစားပေးဆောင်ရွက်သွားရမယ့်လုပ်ငန်းစဉ်(၅၈)ခု ၊ ဆောင်ရွက်ချက်(၁၂၁)ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့အညီ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဖွဲ့စည်းပြီးတဲ့နောက် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ၅-၅-၂၀၂၃ရက်နေ့မှာပထမအကြိမ် ၊ ဆုံးဖြတ်ချက်(၉)ချက် ၊ ၁၃-၆-၂၀၂၃ရက်နေ့မှာဒုတိယအကြိမ် ၊ ဆုံးဖြတ်ချက်(၁၄)ချက် ၊ ၄-၉-၂၀၂၃ရက်နေ့မှာတတိယအကြိမ် ၊ ဆုံးဖြတ်ချက်(၁၆)ချက် ချမှတ်နိုင်ခဲ့တာကိုတွေ့ရမှာဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ၁၄-၂-၂၀၂၄ရက်နေ့မှာကျင်းပခဲ့ပြီး ၊ လူငယ်များဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်ချက် ၊ အစည်းအဝေးဆုံးဖြတ်ချက်(၁၂)ချက်ချမှတ်ခဲ့ပါကြောင်း ၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်ချက်များဖြစ်တဲ့အတွက် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် ကော်မတီဝင်ဌာနများအနေနဲ့ အလေးအနက်ထား ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း ၊ လက်ရှိအနေနဲ့ လူငယ်ရေးရာဦးစီးဌာနရဲ့ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဦးစီးဌာနများခန့်အပ်နိုင်ခြင်းမရှိသေးတဲ့အတွက် ဝန်ထမ်းဖွဲ့စည်းပုံအရသော်လည်းကောင်း ၊ လူငယ်ကဏ္ဍ(၁၆)ရပ်မှာပါရှိတဲ့လုပ်ငန်းတာဝန်များကို ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်မှု မရှိသေးတာကိုတွေ့ရှိရပါကြောင်း ၊ လူငယ်ရေးရာဦးစီးဌာန သီးခြားဖွင့်လှစ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ၊ ပြည်နယ်/ခရိုင်/မြို့နယ် လူငယ်ရေးရာကော်မတီများဖွဲ့စည်းထားရှိပြီးဖြစ်တဲ့အပြင် လုပ်ငန်းတာဝန်များလဲ ချမှတ်ပေးထားပြီးဖြစ်တဲ့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများအနေနဲ့ မိမိတို့ရဲ့ ဆောင်ရွက်ရမည့်တာဝန်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုသလို ဆောင်ရွက်ပြီးစီးမှုများကိုလည်း လစဉ်အစီရင်ခံတင်ပြဖို့မှာကြားလိုပါကြောင်း ၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်ဦးစီးဌာနများအနေနဲ့ မိမိတို့ဝန်ကြီးဌာနများရဲ့ လမ်းညွှန်ချက်များနဲ့အညီ လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသော်လည်းဘဲ အဓိကကဏ္ဍ(၁၆)ခုနဲ့ပတ်သက်ပြီး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်မှာပါတဲ့ ဆောင်ရွက်ချက်များထဲက လုပ်ငန်းများစွာလုပ်ဆောင်ဖို့ ကျန်ရှိနေတာကိုတွေ့ရှိရမှာဖြစ်ပါကြောင်း၊ အားကစားနှင့်အပန်းဖြေခြင်းကဏ္ဍမှာ ကာယအချိန်များတွင် အားကစားပညာရပ်များကိုသာ လေ့ကျင့်သင်ကြားပေးခြင်း ၊ ဒေသအလိုက်ရိုးရာအားကစားနည်းများ နိုင်ငံတကာအားကစားနည်းများကို သင်ကြားပေးနိုင်သော ဆရာ/ဆရာမများ လုံလောက်စွာမွေးထုတ်ပေးခြင်း စတဲ့ အချက်တွေ ဆောင်ရွက်ဖို့လိုအပ်နေပြီး အခြားကဏ္ဍတွေမှာလည်း အလားတူတွေ့ရှိရမှာဖြစ်ပါကြောင်း နှင့် နိဂုံးချုပ်အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အခန်း(၁) နိုင်ငံတော်အခြေခံမူများ ၊ ပုဒ်မ (၃၃)မှာ ” နိုင်ငံတော်သည် လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ” ဆောင်ရွက်ရမည်လို့ဖော်ပြပါရှိပါကြောင်း ၊ ဒါကြောင့်လူငယ်များရဲ့ ကာယ ၊ ဉာဏ ၊ စာရိတ္တ ၊ မိတ္တ ၊ ဘောဂ စတဲ့ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာမှာ စာသင်ကျောင်းများမှ စတင်ကြရမှာဖြစ်ပါကြောင်း ပြောကြားသွားကာ တက်ရောက်လာကြသောလူငယ်ရေးရာကော်မတီအဖွဲ့ဝင်များကလည်း မိမိတို့ပါဝင်ကြသော အခန်းကဏ္ဍများအလိုက်ဆွေးနွေးသွားခဲ့ကာ အစည်းအဝေးကို မွန်းတည့် (၁၂:၀၀)နာရီအချိန်ရုတ်သိမ်းခဲ့ကြောင်း သိရှိခဲ့ရပါသည်။