အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များအား ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု ဆုများပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ ဇန်နဝါရီ ၁၉။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/မျှော်မှန်းချက်ဖြင့်ချမှတ်ထားသော စံနှုန်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့်ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များအား ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု ဆုများပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၁၅:၃၀)နာရီအချိန်တွင် ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းဇော် ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ မြို့နယ်အားကစားမှူးများ နှင့် မြို့နယ်တာဝန်ခံများက တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်တဲ့အခမ်းအနားဟာ ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုခြင်းဘဲဖြစ်ပါကြောင်း ၊ ခရိုင်/မြို့နယ်အားကစားမှူး များအနေနဲ့ မိမိတို့ဒေသအတွင်း အားကစားကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့ကြလို့လဲ လွန်စွာဂုဏ်ယူမိပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အားကစားကို ဘက်ပေါင်းစုံမှနေ၍ ဂုဏ်ယူအားပေးလျက်ရှိပါကြောင်း ၊ ခရိုင်/မြို့နယ်အားကစားမှူး များအနေနဲ့ယခုလိုအောင်မြင်မှုများတွင် ရပ်တန့်မနေဘဲ ဆက်လက်ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း အစရှိသဖြင့်ပြောကြားသွားကာ ပထမဦးစွာ ခရိုင်အဆင့်တွင် ပထမဆုရရှိခဲ့သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား ပြည်နယ်ညွှန်ကြားရေးမှူးက ဆုတံဆိပ်နှင့်ငွေသားဆုအားလည်းကောင်း ၊ ဒုတိယဆုရရှိခဲ့သော တောင်ကြီးခရိုင်အား ပြည်နယ်ဒုတိယညွှန်ကြားရေးမှူးက ဆုတံဆိပ်နှင့်ငွေသားဆုအားလည်းကောင်း ၊ တတိယဆုရရှိခဲ့သော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူးက ဆုတံဆိပ်နှင့်ငွေသားဆုအားလည်းကောင်း ၊ ဆက်လက်ပြီးမြို့နယ်အဆင့်တွင် ပထမ၊ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုများကိုဆက်လက်ပေးအပ်ချီးမြှင့်ရာ ပထမဆုရရှိခဲ့သော တောင်ကြီးမြို့နယ်အား အား/ကာသိပ္ပံ ကျောင်းအုပ်ကြီးက ဆုတံဆိပ်နှင့်ငွေသားဆုအားလည်းကောင်း ၊ ဒုတိယဆုရရှိခဲ့သော တာချီလိတ်မြို့နယ်အား အား/ကာသိပ္ပံ ဒုတိယကျောင်းအုပ်ကြီးက ဆုတံဆိပ်နှင့်ငွေသားဆုအားလည်းကောင်း ၊ တတိယဆုရရှိခဲ့သော နမ့်စန်မြို့နယ်အား လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ဆုတံဆိပ်နှင့်ငွေသားဆုအားလည်းကောင်း ၊ နှစ်သိမ့်ဆုရရှိသွားသော ဆီဆိုင်မြို့နယ် ၊ မိုင်းရှူးမြို့နယ် နှင့် လဲချားမြို့နယ်တို့အား ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများမှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရှိရပါသည်။