အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရေကြည်မြို့နယ်အတွင်း လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ

ရေကြည်၊ ဇွန်လ (၂၀)ရက်။

အဆိုပါဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ အ.ထ.က ငါးသိုင်းချောင်းကျောင်း၌ ယနေ့ မွန်းလွဲ ၁:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ပြန်/ဆက် တာဝန်ခံဦးခင်မောင်မြင့်က “ လူကုန်ကူးမှုတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ငါးသိုင်းချောင်းနယ်မြေမှ ရဲအုပ်ဦးတင်လင်းထွဋ်က “ လူငယ်နှင့် မူးယစ်ဆေး ” ခေါင်စဥ်ဖြင့်လည်းကောင်း ရေကြည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူးဦးအေးမင်းလတ်က “ လူငယ်နှင့်အစားအသောက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးက “ လူငယ်နှင့်အားကစား ” ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးပြောကြားခဲ့ပြီး အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက်အားကစားဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် PFD အကများ၊ EIM “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ်ကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။