ရေကြည်မြို့နယ်အတွင်းရှိ (အ.ထ.က)မြို့မ၌ “ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ
“ လူငယ်စကားဝိုင်း” အခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ (အ.ထ.က)မြို့မ၌ ယနေ့မွန်းလွဲ(၉:၃၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဌ(ကစ)မြို့နယ်ပညာရေးမှုးဆရာကြီး ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ ရေကြည်မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်နှင့်ရေကြည်မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်နှင်းနှင်းအေးတို့က ဦးဆောင်ဆွေးနွေးကြပြီး G-10 တွင် ပညာသင်ကြားနေသောမချိုနှင်းသဇင်ကျော်က “ လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-10 တွင် ပညာသင်ကြားနေသော မခိုင်ဝေဇင်ဦးက “ လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-8တွင်ပညာသင်ကြားနေသော မောင်ဟိန်းထက်ဇော်က “ လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-10တွင် ပညာသင်ကြားနေသော မောင်နေဖုန်းဝေက “ လူငယ်နှင့်အားကစား” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-12တွင် ပညာသင်ကြားနေသော မောင်ထူးသစ်နိုင်က “ လူငယ်နှင့်စာရိတ္တ” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်အခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည်များ အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီး အခမ်းအနားကို မွန်းတည့်(၁၂:၀၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။