အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့်နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော်(နဂါးလှေလှော်)ပြိုင်ပွဲတွင် မြန်မာအသင်း ပထမ(ရွှေတံဆိပ်)ဆု ဆွတ်ခူးရရှိ

ရန်ကုန်၊ ဇွန် (၂၉)။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ Barnaul မြို့တွင် ဇွန် (၂၈)ရက်နေ့မှ ဇူလိုင်(၁)ရက်နေ့အထိ ကျင်းပလျက်ရှိသည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော်(နဂါးလှေ‌လှော်)ပြိုင်ပွဲ (Internation Sports Festival Altai Regatta. Dragon Festival ) ပြိုင်ပွဲကို ယနေ့ဒေသစံတော်ချိန် ၁၄:၄၀ နာရီတွင် ကျင်းပခဲ့ရာ မီတာ(၂၀၀) အမျိုးသား(၁၀)တက်လှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်အားကစားအဖွဲ့မှ ပထမ(ရွှေတံဆိပ်)ဆု ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ရုရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဥဇဘတ်ကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မီတာ(၂၀၀) အမျိုးသား တက်လှော်ပြိုင်ပွဲတွင် စံချိန် ၄၃.၆၀၂ ဖြင့် မြန်မာနိုင်ငံက ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း ၊ အင်ဒိုနီးရှားနိုင်ငံက စံချိန် ၄၃.၆၅၀ ဖြင့် ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ ကမ္ဘောဒီးယားဖိလစ်ပိုင်နိုင်ငံက စံချိန် ၄၅.၇၀၁ ဖြင့် တတိယ(ကြေးတံဆိပ်)ကိုလည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံက စံချိန် ၄၆.၇၀၆ ဖြင့် စတုတ္ထနေရာကိုလည်းကောင်း၊ စံချိန် ၄၉.၄၅၈ ဖြင့် ပဉ္စမနေရာနှင့် စံချိန် ၅၂.၆၄၄ ဖြင့် ဆဌမနေရာတို့ကို ရုရှားနိုင်ငံတို့ကလည်းကောင်း အသီးသီးရရှိခဲ့သည်။

မြန်မာလှေလှော်အားကစားအဖွဲ့မှ မြန်မာနိုင်ငံ‌လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အုပ်ချုပ်/နည်းပြ (၂)ဦး၊ အမျိုးသား အားကစားသမား(၁၂)ဦးတို့သည် မီတာ(၂၀၀) ၊ မီတာ(၅၀၀) နှင့် မီတာ(၂၀၀၀) ပြိုင်ပွဲများကို ဆက်လက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။