အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ကျင်းပခဲ့သည့်နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ(နဂါးလှေလှော်)ပြိုင်ပွဲတွင်‌မြန်မာရွှေတံဆိပ်နှစ် ခုဖြင့်နိုင်ငံအလိုက် ပထမရရှိသော‌ေအာင်ပွဲရမြန်မာအားကစားအဖွဲ့အားကြိုဆို

ရန်ကုန် ၊ ဇူလိုင် ၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ Barnaul မြို့တွင် ဇွန်(၂၈)ရက်နေ့မှ ဇူလိုင်(၁)ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေပြိုင်ပွဲ) (Altai Regatta Dragon Festival ) ပြိုင်ပွဲတွင်မြန်မာရွှေတံဆိပ်နှစ် ခုဖြင့် နိုင်ငံအလိုက် ပထမရရှိသော‌အောင်ပွဲရမြန်မာအားကစားအဖွဲ့သည် ယ‌နေ့နံနက်က ရန်ကုန်မြို့သို့ပြန်လည်‌ရောက်ရှိရာ မြန်မာ‌လှေလှော်အားကစားအဖွဲ့အား ရန်ကုန်တိုင်း‌ဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်း‌ဒေသကြီး၀န်ကြီးများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာ၀န်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံလှေလှော်လှာ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ၊ အမှု‌ဆောင်များနှင့်‌ လှေလှော်အားကစားသမားများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား၊ကျောင်းသူများ၊မိဘဆွေမျိုးများ‌သောင်းသောင်းဖျဖျကြိုဆိုနှုတ်ဆက်ကြသည်။

မြန်မာအသင်းသည် မီတာ၂၀၀နှင့် မီတာ၅၀၀တို့တွင် ပထမဆု ရွှေတံဆိပ်တစ်ခုစီ ရယူခဲ့ပြီး မီတာ၂၀၀၀တွင် မြန်မာအသင်းအနေဖြင့်အကောင်းဆုံးယှဉ်ပြိုင်လှော်ခတ်သွားနိုင်သော်လည်း ရလဒ်အနေဖြင့် အဆင့်၆ ဖြင့်သာကျေနပ်ခဲ့ရ‌ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ရုရှား၊ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှာ၊ ကမ္ဘောဒီယား၊ ဥဇဘက်ကစ်စတန်၊ မြန်မာနိုင်ငံတို့ပါ၀င်ကာ အသင်း ၁၃ သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ‌ကြောင်းသိရသည်။

ယင်းပြိုင်ပွဲသို့မြန်မာနိုင်ငံ‌လှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း ၊ အုပ်ချုပ်/နည်းပြ နှစ်ဦးအမျိုးသားအားကစားသမား ၁၂ ဦးတို့ ပြန်လည်လိုက်ပါကြောင်းသိရသည်။