ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ အခမ်းအနားကျင်းပ
ရပ်စောက်မြို့နယ်၊ ဇူလိုင်လ(၉)ရက်။
ရပ်စောက်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ထီးခမ်း ခန်းမတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်နွှဲ့နှောင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမြတ်သူက လူငယ်နှင့်အားကစား ဖွံ့ဖြိုးရေး၊ အားကစားစနစ်တကျဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုနှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုဦးစီး ဒေါ်ငြိမ်းမွန်မွန်မှ စာဖတ်ပါ ခေါင်းစဥ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပါသည်။
အဆိုပါဟောပြောပွဲအခမ်းအနားသို့ ကျောင်းသား(၁၁၅)ဦး၊ ကျောင်းသူ(၁၂၃)ဦး၊ စုစုပေါင်း ကျောင်းသား/သူ အင်အား (၂၃၈)ဦး တက်ရောက်ခဲ့ပါသည်။


