အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်၊ မတ်လ(၂၉)ရက်။

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေပြီး အားကစားကို ဝါသနာပါလာစေရန်၊ဗလငါးတန်းနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်သည့် လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရန်နှင့် မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့် ကျွမ်းကျင်တတ်မြောက်ကာ စဉ်ဆက်မပြတ်လေ့ကျင့်ပြီး နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် ၊နွေရာသီအခြေခံမြားပစ်သင်တန်း၊ သင်တန်းဆင်းပွဲ မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းရှိ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်တွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် အမျိုးသားအကြီးတန်း (၁၆)နှစ်အထက် Recurve တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူများ၊ အမျိုးသမီးအကြီးတန်း (၁၆)နှစ်အထက်Recurve တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူများ၊ အမျိုးသားအငယ်တန်း (၁၅)နှစ်အောက် Recurve တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူများ၊ အမျိုးသမီးအငယ်တန်း (၁၅)နှစ်အောက် Recurve တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူများအား မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတောက်ထွန်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီ(၂၉)ရက်မှ မတ်လ(၂၉)ရက်နေ့အထိ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၁၂)ဦး စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။