အားကစားရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား အမျိုးသားဟော်ကီပြိုင်ပွဲ(5 A Side)ပြိုင်ပွဲနှင့် ဆု‌ပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၊ ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့နှင့် မြန်မာနိုင်ငံ‌ဟော်ကီအဖွဲ့ချုပ် တို့ ပူးပေါင်းကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား ဟော်ကီပြိုင်ပွဲ (5 A Side ) ၅ယောက် တစ်ဖက်စီ ဟော်ကီပြိုင်ပွဲကို ဇွန်လ ၁၀ ရက်နေ့မှ ၁၃ရက်နေ့ အထိ ပြိုင်ပွဲ နှင့်ဆုပေးပွဲအခမ်းအနား ကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ သိမ်ဖြူ ၊ မြက်ခင်းတု ဟော်ကီကွင်း၌ ၊ ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တိုင်းဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်မျာ ၊ရန်ကုန်တိုင်းဟော်ကီဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်လတ်နှင့် မြန်မာနိုင်ငံ‌ဟော်ကီအဖွဲ့ချုပ်မှအတွင်း‌ရေးမှူးနှင့်အမှုဆောင်များ ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ ကျောင်းသား /ကျောင်းသူများ ၊ အားကစားဝါသနာရှင်ပြည်သူများတက်ရောက်ကြည့်ရှုအား‌ပေးခဲ့ကြသည်။

နောက်ဆုံး ဗိုလ်လုပွဲတွင် Yangon City အသင်းက Lion City အသင်းကို (၇-၄) ဂိုးဖြင့် အနိင်ရရှိသွားခဲ့သည်။

ပြိုင်ပွဲအပြီးတွင် အတိုးတက်ဆုံးအားကစားသမားဆုရရှိသော သိမ်းဖြူလူငယ်အသင်းမှ ကျောနံပါတ် (၂) ထွန်းမင်းလတ် ၊ အကောင်းဆုံးအားကစားသမားဆုရရှိသော Yangon City အသင်းမှ ကျောနံပါတ် (၉) သက်ထွေး ၊ နှစ်သိမ့်ဆုရရှိသော သိမ်းဖြူလူငယ်အသင်း နှင့် Fly Eagle အသင်း ၊ ပူးတွဲတတိယဆုရရှိသော Anchor Club အသင်း နှင့် Police Force အသင်း ဒုတိယဆုရရှိသော Lion City အသင်း တိုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ က ဆုကလပ် ၊ လည်ဆွဲဆုတံဆိပ်နှင့်ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်၍လည်းကောင်း ၊ ပထမဆုဖလားရရှိသွားသော Yangon City အသင်းအား ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအောင်နိုင်သူက တစ်ဦးချင်း လည်ဆွဲဆုတံဆိပ် ၊ ငွေသားဆု နှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရသည်။