အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြားပစ်အားကစားသမားများအား လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၁၉)။

မြားပစ်အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ရည်ရွယ်၍ နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊မန္တလေး)ကျောင်းတို့မှ မြားပစ်အားကစားသမားများ၏ ၂၀၂၄ ခုနှစ်၊ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် Recurve(အမျိုးသား/အမျိုးသမီး) မြား(၃၆)ချောင်း(၂)ကြိမ် စုစုပေါင်း မြား(၇၂)ချောင်း အဆင့်သတ်မှတ်ခြင်းပြိုင်ပွဲအား ပစ်ခတ်ခဲ့ကြပြီးနောက် ညနေပိုင်းတွင် တစ်ဦးချင်း ရှုံး/ထွက် ပြိုင်ပွဲနှင့် Mixed Team ရှုံး/ထွက် ပွဲစဉ်များ၏ ကွာတားဖိုင်နယ် ပွဲစဉ်များနှင့်အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ(၂၀)ရက်နေ့၊ နံနက်(၉)နာရီခွဲတွင် Recurve(အမျိုးသား/အမျိုးသမီး) တစ်ဦးချင်းပြိုင်ပွဲနှင့် Mixed Team ပြိုင်ပွဲများ၏ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ပစ်ခတ် သွားမည်ဖြစ်သည်။

အဆိုပါ ၂၀၂၄ခုနှစ် လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြားပစ်အားကစားသမားများအား ပြိုင်ပွဲပုံစံ လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ(၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့တို့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စုစုပေါင်း အားကစားသမား (၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။