အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မဟော်သဓာအကယ်ဒမီကိုယ်ပိုင်ကျောင်းခန်းမတွင် လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ၃၀-၅-၂၀၂၄

တောင်ကြီးမြို့၊ မေလ(၃၀)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင်လူငယ်ရေးရာကော်မတီ ၊ မဟော်သဓာအကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကျင်းပပြုလုပ်သည့် “ လူငယ်စကားဝိုင်း” နှင့် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ “ အခမ်းအနားကို ၃၀-၅-၂၀၂၄ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာနမှ ဒေါက်တာ အိအိချော ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေး ၊ မဟော်သဓာအကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြသက် ၊ တောင်ကြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ကျောင်းသား / ကျောင်းသူ (၁၅၀)ဦးတို့ကတက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် ” လူငယ်စကားဝိုင်း ” ကို ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ မဟော်သဓာအကယ်ဒမီကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြသက်က လူငယ်စကားဝိုင်းနှင့်ပတ်သက်သည့် သိကောင်းစရာများကို ဆက်လက်ရှင်းလင်းပြောကြားကာ တောင်ကြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ ပါဝင်ဆွေးနွေးကြမည့် ကျောင်းသား/ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ကြကာ အဆိုပါစကားဝိုင်းကိုစတင်ခဲ့ကြပါသည်။

ရှေးဦးစွာ ” လူငယ်နှင့်ကျန်းမာရေး ” ခေါင်းစဥ်ကို မောင်ထက်အာကာ မှ ဆွေးနွေးခြင်းကိုလည်းကောင်း ၊ ” လူငယ်နှင့်ပညာရေး “ ခေါင်းစဥ်ကို မောင်ငြိမ်းစည်သူနိုင်မှ ဆွေးနွေးခြင်းကိုလည်းကောင်း ၊ ” လူငယ်နှင့်စာဖတ်ခြင်း ” ခေါင်းစဥ်ကို မနန်းဆုမင်းထက်မှ ဆွေးနွေးခြင်းကိုလည်းကောင်း ၊ ” လူငယ်နှင့်ခေါင်းဆောင်မှု ” ခေါင်းစဥ်ကို မနန်းအိန္ဒြာစုမှ ဆွေးနွေးခြင်းကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် ဆွေးနွေးခဲ့ခြင်းများအပေါ် ကျောင်းသား / ကျောင်းသူများမှ အသီးသီးအပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကာ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာနမှ ဒေါက်တာ အိအိချော က ” တီဘီရောဂါအကြောင်းသိကောင်းစရာ “ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေးက ” ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်းသိကောင်းစရာ “ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး မှ အားကစားအထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိခဲ့ရပါသည်။