ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ပဲခူး၊ ဇူလိုင်(၉)ရက်။
ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား power point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားအတွက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။


