အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးမိုးလုံ‌ လေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အားကစားပြိုင်ပွဲများမှ ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လက်ရွေးစင်အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်ပေါ်ထွန်းရေး၊ မြန်မာ့ဘော်လီဘောအားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မားရေးကိုအထောက်ကူပြုစေရေး၊ ထူးချွန်ထက်မြတ်တဲ့လူငယ်သွေးသစ်အားကစားသမားများပေါ်ထွန်းလာစေရေးများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင် ဘော်လီဘောအသင်းများမှ အားကစားသစ္စာ အဓိဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြပြီးပြိုင်ပွဲဝင်အားကစားအသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်၍ ပဲခူးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့ကျောင်းသားကျောင်းသူလေးများက ဘင်ခရာအက အလှများဖြင့် သရုပ်ပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီးမြန်မာဘောလီဘောလူမှုရေးအသင်းအမှုဆောင်ဥက္ကဌဦးရဲနိုင်က ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေ(၄)သိန်းကျပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲအား ၂၀၂၄ခုနှစ် ဇွန်လ(၂၀)ရက်နေ့မှ(၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမျိုးသားဘော်လီဘောအသင်း(၉)သင်း၊အမျိုးသမီးဘော်လီဘောအသင်း(၅) သင်း စုစုပေါင်း(၁၄)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။