အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး၊ ဇန်နဝါရီလ(၂၀)ရက်။

၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်း၌ ဇန်နဝါရီလ(၂၀)ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းဦးမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာဓိဌာန်(၄)ချက်ရွတ်ဆို၍ ကွင်းအတွင်းမှပြန်လည်ထွက်ခွာသွားကြပြီး သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းက အထက(၃)ကိုယ်စားပြုဘင်ခရာတပ်ဖွဲ့နှင့်ပန်းပွားအကအဖွဲ့တို့အား ချီးမြှင့်ငွေကျပ်(၃)သိန်း အား ချီးမြှင့်ပေးအပ်ပြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်ပြည်သူများက နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်ကို ကြည့်ရှု့အားပေးခဲ့ကြရာ သာယာဝတီခရိုင်မှ နတ်တလင်းခရိုင်အား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။

၂၀၂၄ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်မှ ဘောလုံးအသင်း(၆)သင်းပါဝင်ပြီး အုပ်စု(၂)အုပ်စုခွဲ၍ ဇန်နဝါရီလ(၂၀) ရက်နေ့မှ (၃၀)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွား ကြမည်ဖြစ်ပါသည်။