အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအဖွဲ့အား Anti – Doping နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

တောင်ကြီးမြို့၊ နိုဝင်ဘာလ ၂၀ ရက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းကာ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်လူငယ်အားကစားသမားအား ကျန်းမာရေးနှင့်အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀.၁၁.၂၀၂၄ ရက်နေ့ ညနေ(၁၅:၃၀)နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြိုင်ပွဲဝင်အားကစားသမား(၃၅၂)ဦးတို့ကတက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတတိုးတက်စေရန်အတွက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအဖွဲ့အား မူးယစ်ဆေးဝါး Anti – Doping နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင် က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ၉.၁၂.၂၀၂၄ရက်နေ့မှ ၂၀.၁၂.၂၀၂၄ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် တားမြစ်ဆေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်၍ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားမောင်မယ်များသည် ကျန်းမာရေးအခြေအနေအရ အားကစား၌တားမြစ်ထားသော ဆေးဝါးတစ်မျိုးမျိုးကို သောက်သုံးနေရပြီး တားမြစ်ဆေးစစ်ဆေးတွေ့ရှိသည့်အခါ ဆုတံဆိပ်များပြန်လည်သိမ်းယူခြင်းအားလည်းကောင်း ၊ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်များကို ပိတ်ပင်ခြင်းအစရှိသည်များကိုလည်းကောင်း ၊ အဆိုပါအကြောင်းအရာများနှင့်ပတ်သက်ပြီး နောက်ဆက်တွဲအရေးယူခြင်းများမှ ကင်းဝေးစေရန် နိုင်ငံတကာစံနှုန်းများနှင့်အညီ တားမြစ်ဆေးသုံးစွဲမှု ကင်းလွတ်ခွင့်ထောက်ခံချက်( Therapeutic Use Exemption / TUE Grant)ရရှိနိုင်ရန်နှင့်အစရှိသည်များကိုပြောကြားသွားကာ စပ်စံထွန်းဆေးရုံကြီးမှ စိတ်ကျန်းမာရေးနှင့်မူးယစ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ကျော်စန်းဌေး နှင့် သမားတော် ဒေါက်တာ စည်သူလင်း တို့က Anti-Doping သုံးစွဲမှုပတ်သက်၍ အသီးသီးဟောပြောခဲ့ကြပြီး အားကစားသမားများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းသွားကြကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသွားခဲ့ကာ အခမ်းအနားကို ညနေ(၁၆:၄၀)နာရီအချိန်တွင်ရုတ်သိမ်းခဲ့ကာ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင် က အားကစားအဖွဲ့များကို အားဆေးများထောက်ပံ့လှူဒါန်းပေးအပ်သွားကြောင်းသိရှိရပါသည်။