အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နွေရာသီအဆင့်မြင့်သင်တန်းဆင်း အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲ ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ ၊ ကရာတေးဒိုပြိုင်ပွဲ နှင့် ဝူရှူး(ထောက်လု)ပြိုင်ပွဲများကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နွေရာသီအဆင့်မြင့်သင်တန်းဆင်း အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲ ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ ၊ ကရာတေးဒိုပြိုင်ပွဲ နှင့် ဝူရှူး(ထောက်လု)ပြိုင်ပွဲများကို ယနေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ တပြိုင်တည်းကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း နှင့် ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းဆင်းပြိုင်ပွဲများကို တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍနှင့် အားကစားမြှင့်တင်ဆောင်ရွက်ရေး ၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးတို့ကိုလည်း အဓိကဦးတည်ချက်ထားပြီး ဆောင်ရွက်လျက် ရှိသည့်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး ၊ အားကစားနည်းအလိုက် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်ရေးနှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေး ၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရေးဆိုသည့် လုပ်ငန်းတာဝန်များကိုဆောင်ရွက်လျက်ရှိပြီး ကျောင်းသား / ကျောင်းသူလူငယ်လူရွယ်များအား နွေရာသီ ကျောင်းပိတ်ရက်များတွင် အားကစားနည်းအလိုက်အခြေခံနည်းစနစ်များကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေပြီး ကျန်းမာကြံ့ခိုင်၍ အရည်အသွေးမြင့်မားပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်ကာ ဤနွေရာသီအဆင့်မြင့် အားကစားသင်တန်းများကို ၂၂-၄-၂၀၂၄ရက်နေ့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရှိခဲ့ရကာ ဆက်လက်ပြီး ပြိုင်ပွဲ၌ ဆုရအားကစားသမားများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြကာ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း (၂၉၅)ဦးတို့မှ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရှိခဲ့ရပါသည်။