အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီး မြှင့်ပွဲအခမ်းအနားကျင်းပ

မုံရွာ ၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် သူနာပြုသားဖွားသင်တန်း ကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဗိုလ်လုပွဲစဉ်အဖြစ် လူမှုရေးရာ-၁ အသင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ-၂ အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု အားပေးကြရာ လူမှုရေးရာ-၁ အသင်းမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ-၂ အသင်းအား (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ကျန်းမာရေးဦးစီး ဌာနမှူးမှ အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသော စည်ပင်သာယာရေးအသင်း အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး အတွင်းရေးမှူး၏ ဇနီးမှ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော လုံခြုံရေးနှင့်နယ်စပ်ရေးရာ-၂ အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး အတွင်းရေးမှူးမှ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော လူမှုရေးရာ-၁ အသင်းအား တစ်ဦးချင်းဆု တံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ စုပေါင်းတံခွန်စိုက်ဆု နှစ်သိမ့်ဆု(၇)ရရှိသော စီးပွားရေး၊တိုင်းရင်းသား၊ဥပဒေအသင်းအား တံခွန်စိုက်ဆုနှင့်ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးမှ စုပေါင်းတံခွန်စိုက်ဆု နှစ်သိမ့်ဆု(၆) ရရှိသော လမ်းပန်းဆက်သွယ်ရေးအသင်းအား တံခွန်စိုက်ဆုနှင့်ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ စုပေါင်းတံခွန်စိုက်ဆု နှစ်သိမ့်ဆု(၅)ရရှိသော လုံခြုံရေးနှင့်နယ်စပ်ရေးရာ-၁ အသင်းအား တံခွန်စိုက်ဆုနှင့်ငွေ သားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ စုပေါင်းတံခွန်စိုက်ဆု နှစ်သိမ့်ဆု(၄)ရရှိသော သယံဇာတရေးရာအသင်းအား တံခွန်စိုက်ဆုနှင့်ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးမှ စုပေါင်းတံခွန်စိုက်ဆု နှစ်သိမ့်ဆု(၃)ရရှိသော အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနအသင်းအား တံခွန်စိုက် ဆုနှင့်ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ စုပေါင်းတံခွန်စိုက်ဆု နှစ်သိမ့်ဆု(၂)ရရှိသော လူမှုရေးရာ-၁ အသင်းအား တံခွန်စိုက်ဆုနှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ၏ဇနီးမှ စုပေါင်းတံခွန်စိုက်ဆု နှစ်သိမ့်ဆု(၁)ရရှိသောအသင်းအား လုံခြုံရေနှင့်နယ်စပ်ရေးရာ-၂ အသင်းအား တံခွန်စိုက်ဆုနှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ်မှ စုပေါင်းတံခွန်စိုက်ဆု တတိယဆုရရှိ သော လူမှုရေးရာ-၂အသင်းအား တံခွန်စိုက်ဆုနှင့်ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးမှ စုပေါင်းတံခွန်စိုက်ဆု ဒုတိယဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ အသင်းအား တံခွန်စိုက်ဆုနှင့်ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စုပေါင်းတံခွန်စိုက် ဆု ပထမဆုရရှိသော စည်ပင်သာယာရေးအသင်းအား တံခွန်စိုက်ဆုနှင့် ငွေသားဆုများအား ပေးအပ်ချီးမြင့်ပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။