အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ခရစ်ကက် T-20 နည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်လှစ်

နေပြည်တော်၊ စက်တင်ဘာ ၉ ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက် အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် ခရစ်ကက် T-20 နည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၄) Rule and Regulations Update Workshop (2/2024) ကို ယနေ့နံနက် (၉)နာရီမှ စတင်၍ နေပြည်တော်၊ တင်းနစ် အားကစားရုံနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၄) တို့တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်မှ နည်းပြဆရာ(၄)ဦးတို့က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်အားကစားနည်းတွင် တာဝန်ယူဆောင်ရွက်ကြမည့် သင်တန်းသားနည်းပြ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး(၆)ဦး တို့အား သင်တန်းကာလအဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။