ကာယပညာနှင့်အားကစားနည်းပြ(မွမ်းမံ)သင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
၂၀၂၅ ခုနှစ်၊ ကာယပညာနှင့် အားကစားနည်းပြ (မွမ်းမံ) သင်တန်း အမှတ်စဉ် (၂) မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၁၀) ဦးခန့်တို့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနမှ ဖွင့်လှစ်ထားရှိသည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်း ဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ မြန်မာ့အားကစား မော်ကွန်း ခန်းမအတွင်း မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစား သမားများ၏ ပုံတူရုပ်ထုများပြခန်းနှင့် အားကစားပြတိုက်(စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက် ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။


