အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကမ္ဘာ့လှေ‌လှော်လေ့ကျင့်ရေးစခန်းသို့ သွားရောက်လေ့ကျင့်ခြင်းနှင့် အသက်(၁၉)နှစ်နှင့် (၂၃)နှစ်အောက် အာရှလှေလှော် ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ထွက်ခွာ

ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shenyang မြို့တွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၅ရက်နေ့မှ ၁၄ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့လှေလှော်လေ့ကျင့်ရေးစခန်း (World Rowing Training Camp )သို့ သွားရောက်လေ့ကျင့်ခြင်းနှင့် ၂၀၂၄ခုနှစ် အသက် (၁၉)နှစ်နှင့်(၂၃)နှစ်အောက် အာရှလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲ (2024 Asian Rowing U-19 & U-23 Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံလှေ‌လှော်အဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာလှေအသင်းမှ အုပ်ချုပ်သူ/နည်းပြ ဒေါ်နီလာဝင်း၊ အားကစားမှူး၊ အမျိုးသားအားကစားသမားတစ်ဦးနှင့် အမျိုးသမီးအားကစားသမားတစ်ဦးတို့သည် ယနေ့နံနက် ၁၁နာရီ ၂၅မိနစ် အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ခရီးစဥ်အမှတ် CZ 3056 ဖြင့် ထွက်ခွာသွားရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးနှင့် နည်းပြများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။