အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာအသင်းရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ

ရန်ကုန် ၊ နို၀င်ဘာ ၃

၂၀၂၅ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးတွင် ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ လက်ရည်စစ်ပြိုင်ပွဲ ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲအတွက် ဖိလစ်ပိုင်သမ္မတ နိုင်ငံ၊ Puerto Princesa မြို့တွင် နို၀င်ဘာလ ၂ရက်‌နေ့နှင့် ၃ရက်နေ့တို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup )တွင် မြန်မာလှေလှော်အားကစားအသင်း ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

အဆိုပါ အမျိုးသား+ အမျိုး သမီး မီတာ၂၀၀ (၁၀)တက်လှော်ဗိုလ်လုပွဲပြိုင်ပွဲကို နို၀င်ဘာ၂ရက်‌နေ့က မြန်မာ၊အင်ဒိုနီးရှား၊တရုတ်(တိုင်ပေ)၊စပိန်၊ဖိလစ်ပိုင်၊ဟန်ဂေရီအသင်းတို့ယှဥ်ပြိုင်ခဲ့ရာ အင်ဒိုနီးရှားအသင်းကပထမ(ရွှေတံဆိပ်)၊မြန်မာအသင်းကဒုတိယ(ငွေတံဆိပ်)၊တရုတ်(တိုင်ပေ)အသင်းကတတိယ(ကြေးတံဆိပ်)ရရှိခဲ့ကြသည်။ ထို့အပြင် နို၀င်ဘာလ ၃ ရက်နေ့က အမျိုးသား+ အမျိုးသမီး မီတာ၅၀၀ (၁၀)တက်လှော်ဗိုလ်လုပွဲတွင် မြန်မာ၊ ဟန်‌ဂေရီ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ ယူကရိန်းအသင်းတို့ ယှဥ်ပြိုင်ခဲ့ကြရာ မြန်မာအသင်းက ပထမ(ရွှေတံဆိပ်)၊ ဟန်ဂေရီအသင်းက ဒုတိယ(ငွေတံဆိပ်)၊ အင်ဒိုနီးရှားအသင်းကတတိယ(ကြေးတံဆိပ်)တို့ရရှိခဲ့ကြသည်။

ယင်းလက်ရည်စစ်ပြိုင်ပွဲများဖြစ်သည့် အမျိုးသား (၁၀)တက်လှော် မီတာ၂၀၀၀ ၊ အမျိုး သား (၈)တက်လှော် မီတာ ၂၀၀၀ ၊ အမျိုးသား +အမျိုး သမီး (၈)တက်လှော် မီတာ ၂၀၀၀ ၊ အမျိုးသား+အမျိုး သမီး ( ၁၀)တက်လှော် မီတာ ၂၀၀ နှင့်အမျိုးသား+အမျိုး သမီး (၁၀)တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲများတွင် အသင်း ၁၆ သင်းအား ၊ အုပ်စု‌ လေးစုခွဲ၍ ကွာတားဖိုင်နယ် ၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ် အဆင့်များအထိ အဆင့်ဆင့်ယှဥ်ပြိုင်ခဲ့ကြရသည်။

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အားကစားသမားများသည် အောက်တိုဘာလ၂၄ရက်နေ့မှ နို၀င်ဘာလ ၃ရက်‌နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yichangမြို့တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေ‌တံဆိပ်‌ ငါးခု၊ ငွေတံဆိပ် နှစ်ခုနှင့် ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြို့တွင်‌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup )တွင်ရွှေ‌တံဆိပ်‌ တစ်ခု၊ ငွေတံဆိပ် တစ်ခုတို့ရရှိခဲ့ကြပြီး လက်ရည်စစ်ပြိုင်ပွဲများအပြီးတွင် မြန်မာလှေ‌လှော်အားကစားအသင်းအနေဖြင့် ရွှေ‌တံဆိပ်‌ ခြောက်ခု၊ ငွေတံဆိပ်သုံးခု ရရှိခဲ့သည်။ ၎င်းပြိုင်ပွဲမှ အကောင်းဆုံး(၁၂)သင်းမှာ ၂၀၂၅ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးမြို့တွင် သြဂုတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ မြန်မာ‌လှေလှော်အားကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားကြောင်း သိရှိရသည်။