အမျိုးသားအားကစားပွဲတော်
အမျိုးသားအားကစားပွဲတော် ကျင်းပခဲ့သည့်သမိုင်းကြောင်း
အမျိုးသားအားကစားပွဲတော်သည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများမှ အားကစားအသင်းများ၊ တိုင်းနှင့် ပြည်နယ်များမှ အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည့် အမျိုးသားအဆင့် အားကစားပွဲတော်ဖြစ်သည်။၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇နှင့် ၂၀၁၅ခုနှစ်နှင့် ၂၀၂၄ခုနှစ်များတွင် ကျင်းပနိုင်ခဲ့သည်။ အမျိုးသားအားကစားပွဲတော်နှင့်အတူ အမျိုးသားအဆင့် ကျောင်းသားအားကစားပွဲတော်များကိုလည်း ကျင်းပခဲ့သည်။
အမျိုးသားအားကစားပွဲတော် ဦးတည်ချက်(၅)ရပ်
- နိုင်ငံတော်၏အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး။
- (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရေး။
- နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့်အဆင့်မီအားကစားသမားများနှင့် အလား အလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေး။
- ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရေး။
- ပြည်သူတစ်ရပ်လုံး အားကစားကိုပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားကစားလာစေရေး။