အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၁၀)။

လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လက်ဝှေ့ရုံ၌ ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ ကြသည်။

ယနေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ဝိတ်တန်းအလိုက် အမျိုးသား (၅၄၊၆၀၊၆၇၊၇၅) ကီလိုတန်း ပြိုင်ပွဲ ပွဲစဉ်(၄)ပွဲနှင့် အမျိုးသမီး(၄၈၊၅၀၊၅၂၊၅၄၊၆၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၅)ပွဲ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုသား(၅၄)ကီလိုတန်းပြိုင်ပွဲတွင် ခုတ်လျှမ်းတွမ်(ချင်း)နှင့် ကိုကိုထွန်း(စစ်ကိုင်း)တို့ ယှဉ်ပြိုင် ကစားခဲ့ရာ ခုတ်လျှမ်းတွမ်(ချင်း)ကလည်းကောင်း၊ အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် အေးကိုဇင် (ကရင်)နှင့် ထွန်းလင်း (မန္တလေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ အေးကိုဇင်(ကရင်)ကလည်းကောင်း၊ အမျိုးသား (၆၇)ကီလိုတန်းပြိုင်ပွဲတွင် လွှမ်းမိုးအောင်(ရန်ကုန်)နှင့် သူရဖြိုး(စစ်ကိုင်း)တို့ယှဉ်ပြိုင်ကစားခဲ့ရာ လွှမ်းမိုးအောင် (ရန်ကုန်)ကလည်းကောင်း၊ အမျိုးသား(၇၅)ကီလိုတန်းပြိုင်ပွဲတွင် စောထလယ်ထွဋ် (ကရင်)နှင့် ထွန်းထွန်းဝင်း (ရှမ်း)တို့ ယှဉ်ပြိုင်ကစားခဲ့ရာ စောထလယ်ထွဋ်(ကရင်)ကလည်းကောင်း၊ အမျိုးသမီး(၄၈)ကီလိုတန်း ပြိုင်ပွဲတွင် အိမ့်မြတ်သော်(နေပြည်တော်)နှင့် နန်းငယ်ငယ်ထူး(စစ်ကိုင်း)တို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ့်မြတ်သော် (နေပြည်တော်)ကလည်းကောင်း၊ အမျိုးသမီး(၅၀)ကီလိုတန်းပြိုင်ပွဲတွင် အေးအေးပြည့်(တနင်္သာရီ)နှင့် ပပဝင်း(ကရင်)တို့ ယှဉ်ပြိုင်ကစားခဲ့ရာ အေးအေးပြည့်(တနင်္သာရီ)ကလည်းကောင်း၊ အမျိုးသမီး(၅၂)ကီလို တန်းပြိုင်ပွဲတွင် အေးသီရိကျော်(တနင်္သာရီ)နှင့် ဆောင်းနှင်းဖြူ(စစ်ကိုင်း)တို့ ယှဉ်ပြိုင်ကစားခဲ့ရာ အေးသီရိကျော် (တနင်္သာရီ)ကလည်းကောင်း၊ အမျိုးသမီး(၅၄)ကီလိုတန်းပြိုင်ပွဲတွင် ထက်ထက်ဝင်း(တနင်္သာရီ)နှင့် နော်ထူးလွဲဖော(ကရင်)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ထက်ထက်ဝင်း(တနင်္သာရီ)ကလည်းကောင်း၊ အမျိုးသမီး(၅၄) ကီလိုတန်းပြိုင်ပွဲတွင် ထားထားနွယ်(တနင်္သာရီ)နှင့် ချယ်ဇင်ဝင်း(စစ်ကိုင်း) တို့ယှဉ်ပြိုင်ကစားခဲ့ရာ ထားထားနွယ်(တနင်္သာရီ)ကလည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။