အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လူငယ်စကားဝိုင်းကျင်းပ

တောင်ကြီး၊ ဇူလိုင် ၉။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ဆေးတက္ကသိုလ်(တောင်ကြီး)တို့ ပူးပေါင်းကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲ(၁၄း၀၀)နာရီအချိန်တွင် ဆေးတက္ကသိုလ်(တောင်ကြီး)ဘက်စုံခန်းမ၌ ကျင်းပပြုခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ဇနီး ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ၏ ဇနီး ၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၏ ဇနီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ် / ခရိုင် / မြို့နယ်များမှ ကော်မတီအဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသူများက တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ကာ ဆက်လက်ပြီး တောင်ကြီးဆေးတက္ကသိုလ် ပါမောက္ခချုပ်က လူငယ်စကားဝိုင်းနှင့်ပတ်သက်သည့် သိကောင်းစရာများကို ဆက်လက်ရှင်းလင်းပြောကြားကာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေ က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ ပါဝင်ဆွေးနွေးကြမည့် ကျောင်းသား / ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ကြကာ အဆိုပါစကားဝိုင်းကိုစတင်ခဲ့ကြပါသည်။

ရှေးဦးစွာ ” လူငယ်နှင့်နည်းပညာ ” ခေါင်းစဉ်ကို လည်းကောင်း ၊ ” လူငယ်နှင့်စာဖတ်ခြင်း ” ခေါင်းစဉ်ကိုလည်းကောင်း၊ ” လူငယ်နှင့်အားကစား ” ခေါင်းစဉ်ကိုလည်းကောင်း ၊ ” လူငယ်နှင့်ကျန်းမာရေး ” ခေါင်းစဉ်ကိုလည်းကောင်း ၊ ” လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု ” ခေါင်းစဉ်ကိုလည်းကောင်း ၊ ” လူငယ်နှင့်လူကုန်ကူးမှုတိုက်ဖျက်ရေး ” ခေါင်းစဉ်ကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် ဆွေးနွေးခဲ့ခြင်းများအပေါ် ကျောင်းသား / ကျောင်းသူများမှ အသီးသီးအပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။