အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နည်းပြ(နည်းစနစ်)၊ စာရင်းကိုင်(၂)နှင့်ဒု-ကြီးကြပ်ရေးမှူး(ထိန်းသိမ်းရေး)ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် ရေးဖြေစာမေးပွဲကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၂၃)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော နည်းပြ(နည်းစနစ်)၊ စာရင်းကိုင်(၂)နှင့် ဒု-ကြီးကြပ်ရေးမှူး(ထိန်းသိမ်းရေး)ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ စုစုပေါင်း(၈၉)ဦးအား ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သူများကို (၂၄.၁၀.၂၀၂၃)ရက်နေ့ နံနက်(၇)နာရီတွင် လေ့ကျင့်ရေးကွင်း(၁)တွင် ကြံ့ခိုင်စွမ်းရည်နှင့်အဓိကအားကစားနည်းအား ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။