အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲ (ရှုံး/ထွက်)ပွဲစဉ်များ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇွန်(၇)။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် ဂျူဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂျူဒို(အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် အသင်းလိုက်အတိုက်ပြိုင်ပွဲ(ရှုံး/ထွက်)ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၄)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၄)ပွဲ (၃)ပွဲဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၄)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၄)ပွဲ (၂)ပွဲဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၄)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၄)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်း (၄)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၄)ပွဲ (၃)ပွဲဖြင့်လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို (၄)ပွဲ (၃)ပွဲဖြင့်လည်းကောင်းအသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး ဂျူဒို(အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် အသင်းလိုက်အတိုက်ပြိုင်ပွဲ (တတိယလုပွဲ) ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို (၄)ပွဲ (၃)ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို (၄)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၄)ပွဲပြတ်ဖြင့်လည်းကောင်းယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြောင်းသိရသည်။