၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဂျူဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဇွန်(၆)။
ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် ဂျူဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒို အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။
ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသမီး(-၃၈)ကီလိုပြိုင်ပွဲတွင် ဖြိုးသက်ခိုင်(ဧရာဝတီ)က ပထမ၊ နှင်းဦးဝတ်ရည် (ရန်ကုန်)က ဒုတိယ၊ သင်းချယ်ရီ (နေပြည်တော်)က တတိယ၊ အေးသစ္စာအောင်(ကယား)က ပူးတွဲတတိယ၊ အမျိုးသမီး(-၄၂)ကီလိုပြိုင်ပွဲတွင် ဆောင်ယုံ (ကချင်)က ပထမ၊ ကြာညိုသွယ်(ရန်ကုန်)က ဒုတိယ၊ ခင်သူသူလင်း(ဧရာဝတီ)က တတိယ၊ ဟန်နီလင်းလက်(ကယား)က ပူးတွဲတတိယ၊ အမျိုးသား(-၄၅)ကီလို ပြိုင်ပွဲတွင် ဂျူနီယာခေါင်လွမ်း (ကချင်)က ပထမ၊ အောင်မင်းခန့်(ကရင်)က ဒုတိယ၊ ချစ်ညီညီ (မွန်)က တတိယ၊ ပြည်စုံအောင်(ရှမ်း)က ပူးတွဲတတိယ၊ အမျိုးသမီး(-၄၅)ကီလိုပြိုင်ပွဲတွင် အိအိသဇင်ဇော် (ကချင်)က ပထမ၊ အေးချမ်းမိုး(မန္တလေး)က ဒုတိယ၊ မိုးပြည့်ပြည့်ကျော်(ဧရာဝတီ)က တတိယ၊ ခင်ပိုးပိုးအောင်(ချင်း)က ပူးတွဲတတိယ၊ အမျိုးသား(-၅၀)ကီလိုပြိုင်ပွဲတွင် ခိုင်ခန့်(ရန်ကုန်)က ပထမ၊ အလင်းရောင်(ရှမ်း)က ဒုတိယ၊ ညီညီမင်းထွေး(ကချင်)က တတိယ၊ သူထူးစံ(တနင်္သာရီ)က ပူးတွဲတတိယ၊ အမျိုးသား(-၅၅)ကီလိုပြိုင်ပွဲတွင် ဝေဖြိုးဇင်(ကချင်)က ပထမ၊ မျိုးဇော်ထက်(ဧရာဝတီ)က ဒုတိယ၊ ဖရန်စစ္စကို (ကယား)က တတိယ၊ ဂင်လင်းကိမ် (ချင်း)က ပူးတွဲတတိယဖြင့်အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ဂျူဒို (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခဲ့မဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။




