အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ် ၊ မုတ်သုန်ရာသီစုပေါင်းစက်ဘီးပြိုင်ပွဲ ပွဲတော်နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီး၊ ဇွန် ၆။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ခွင့်ပြုလမ်းညွှန်မှုများနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်စက်ဘီးဆပ်ကော်မတီနှင့် AIA Myanmar အာမခံလုပ်ငန်းကုမ္ပဏီမှ အဓိကကူညီပံ့ပိုးပြီး ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ( SSYEA )တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မုတ်သုန်ရာသီစုပေါင်းစက်ဘီးစီးပွဲတော် အခမ်းအနားအား (၆.၆.၂၀၂၄)ရက်နေ့ နံနက် (၀၅း၃၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ စူဠာမုနိရင်ပြင်ပေါ်မှ နေ၍စုရုံးတာလွှတ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်က သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ ရှမ်းပြည်နယ်စွန့်ဦးတီထွင်သူလုပ်ငန်းရှင်များအသင်းမှ ဦးအောင်ကျော်သူ၊ AIA Myanmar ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်ဝင့်ရည်လွင်၊ Marketing Manager ဒေါ်ခိုင်ဦးနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်စက်ဘီးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

ဆက်လက်၍ နံနက်(၀၇:၃၀) နာရီအချိန်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား အသက်(၂၅)နှစ်အောက်ပြိုင်ပွဲတွင ဆုရရှိကြသော အားကစားသမားများ၊ အမျိုးသား အသက်(၂၅ မှ ၄၅)နှစ်ကြားပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများ၊ အမျိုးသား အသက်(၄၅)နှစ်အထက်ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများ၊ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။