အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၃ခုနှစ်၊ အမျိုးသားတံခွန်စိုက်ကြက်‌တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာ (၃၀)။

အားကစားနှင့်လူငယ်‌ရေးရာ၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်၂၀၂၃ ခုနှစ်၊ အမျိုးသားတံခွန်စိုက်ကြက်‌တောင်ပြိုင်ပွဲ(Myanmar National Championships 2023) ဗိုလ်လုပွဲပြိုင်ပွဲများကိုယ‌နေ့မွန်းလွဲပိုင်းကရန်ကုန်မြို့လမ်းမတော်မြို့နယ်အမျိုးသားကြက်‌တောင် အားကစားခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်း‌ဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်း‌ဒေသကြီး ၀န်ကြီးများတက်‌ရောက်ကြည့်ရှုအား‌ပေးသည်။

ဗိုလ်လုပွဲတွင် အမျိုးသားအကြီးတန်းတစ်ဦးချင်းပြိုင်ပွဲမှ ချန်ပီယံ ဘုန်းပြည့်နိုင်(Zawana)က ချန်ပီယံ ဟိန်းထွဠ် (MBF)ကိုရမှတ် ၁၄-၂၁၊ ၂၁-၁၉-၂၁-၁၃ ဖြင့် အနိုင်ရရှိသွားသည်။

ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ သာမန်တန်း အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသား+ အမျိုးသမီး နှစ်‌ယောက်တွဲ၊ အမျိုးသားသက်ကြီးတန်းနှစ်‌ယောက်တွဲ၊ ဝါသနာရှင်တန်း အမျိုးသား၊ အမျိုးသမီးနှစ်‌ယောက်တွဲ၊ အကြီးတန်း အမျိုးသမီးတစ်ဦးချင်း၊ နှစ်‌ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိကြ‌သော အားကစားသမားများအား ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးများ၊မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်လေ့ကျင့်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် တာ၀န်ရှိသူများက‌ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းက အကြီးတန်းအမျိုးသားတစ်ဦးချင်း၊ နှစ်‌ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊ တတိယဆု ရရှိကြသော အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်နှင့်‌ ငွေသားဆုများ ချီးမြှင့်သည်။

ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၂၇ ရက် မှ ၃၀ ရက်အထိ ပြိုင်ပွဲ‌ပေါင်း ၃၀၄ ပွဲ ကျင်းပခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးမှ အားကစားသမား ၂၅၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။