အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာ့အားကစားလက်‌ရွေးစင်ဟောင်းများအသင်း (၆)လပတ်အစည်းအဝေးကျင်းပ

ရန်ကုန် ၊ ဇူလိုင် ၁၄။

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ်၊ အားကစားနဲ့ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းရှိ၊ မြန်မာ့အားကစားလက်ရွေးစင်‌ဟောင်းများအသင်းရုံး၌ ကျင်းပရာ မြန်မာ့အားကစားလက်‌ရွေးစင်ဟောင်းများအသင်း နာယကများဖြစ်ကြသည့် ဦးသက်ဝင်း၊ ဦးတင်အောင်၊ ဦးအုန်းရှိန် ၊ ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ဒုတိယဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်နှင့် လူငယ်‌ရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူး၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ အမှုဆောင်များနှင့် အသင်းဝင်များတက်ရောက်ကြသည်။

ရှေးဦးစွာ ဥက္ကဋ္ဌ ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ၃.၃.၂၄ရက်နေ့တွင် ကျင်းပခဲ့သော ၂/၂၄ နှင့် ၁၁.၅.၂၄ ရက်နေ့ တွင်ကျင်းပခဲ့သည့် ၃/၂၄ အစည်းအဝေးဆုံးဖြတ်ချက်များအား ပြန်လည်သုံးသပ်အတည်ပြုခြင်းများကိုလည်းကောင်း၊ အထွေထွေအတွင်းရေးမှူးမှ ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်သင့်သည့် လုပ်ငန်းများကိုတင်ပြပြီး ဆပ်ကော်မတီများအလိုက်ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့်ပုဂ္ဂိုလ်များက အထွေထွေဆွေးနွေးတင်ပြကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်းတင်၍ နောက်လာမည့် အစည်းအဝေးကိုရက်သတ်မှတ်ခဲ့ကြသည်။

ထို့နောက် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိဂုံးချုပ်စကားပြန်လည်ပြောကြားကာ မွေးနေ့ရှင်နှစ်ဦးဖြစ်သည့် ဒေါ်ဘေဘီနှင့်ဒေါ်ရီရီဝင်းတို့မှ ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိရသည်။