အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ မဟာသင်္ကြန်အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ဧပြီ ၉ ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ လမ်းညွှန်မှုများကိုခံယူကာ ပြည်နယ်အတွင်း ဂေါက်သီးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တောင်ကြီးဂေါက်ကလပ်တို့ မှ ကြီးမှူးကျင်းပပြုလုပ်သော မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ မဟာသင်္ကြန်အထိမ်းအမှတ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၆း၀၀)နာရီအချိန်တွင် တောင်ကြီးဂေါက်ကွင်း၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ Smoke ball ရိုက်၍ ပြိုင်ပွဲအား စတင်ဖွင့်လှစ်ပေးခဲ့ပြီး ယခုပြိုင်ပွဲကို ကျင်းပပေးရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ ရှမ်းပြည်နယ်အတွင်းဂေါက်သီးရိုက် အားကစားနည်း ပိုမိုတိုးတက်လာစေရန်နှင့် ပြိုင်ပွဲဝင်အားကစားသမားများ ဒေသန္တရ ဗဟုသုတရရှိစေရေးနှင့် အချင်းချင်းပိုမိုချစ်ကြည်ရင်းနှီးမှုရရှိလာစေရေး၊ ယဥ်ကျေးမှုဓလေ့ထုံးစံများ အပြန်အလှန်ရရှိစေရေး ၊ အားကစားသမားများ အားကစားကိုချစ်မြတ်နိုးမှုရရှိစေရေးတို့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းတို့ကို ပြောကြားသွားကာ ဆက်လက်ပြီး သက်ကြီးတန်းပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်နေကြသော အားကစားသမားများနှင့် အမျိုးသမီးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်နေကြသော အားကစားသမားများရဲ့ ယှဥ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲသို့ပါဝင်ယှဥ်ပြိုင်ကြသော အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရှိခဲ့ရကာ ပြိုင်ပွဲဝင်အားစားသမားများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး အဆိုပါပြိုင်ပွဲကို ၉. ၄. ၂၀၂၄ ရက်နေ့မှ ၁၁. ၄. ၂၀၂၄ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်းမှ ပြိုင်ပွဲဝင်အားကစားသမားအမျိုးသား/အမျိုးသမီး စုစုပေါင်း(၄၁၀)ဦးတို့မှပါဝင်ယှဉ်ပြိုင်ကစားကြကြောင်းသိရှိရပါသည်။