အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင် ၁၂ရက်။

မြန်မာဘော်လီဘောလူမှုရေးအသင်းအနေဖြင့် မျိုးဆက်သစ်လူငယ်ဘော်လီဘော အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်အတွင်းတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်မြို့များနှင့် နေပြည်တော်၊ ၂၀၂၄ ခုနှစ်တွင် ရွှေတောင်၊ ပဲခူးမြို့များတွင် ဘော်လီဘောပြိုင်ပွဲများကျင်းပပေးခဲ့ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပြိုင်ပွဲများဆက်လက်ကျင်းပပေးလျက်ရှိရာ၊ ယခုအခါ ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ်မြောက်မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက၊ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု့အား‌ပေးသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပွဲစဉ်တစ်လျှောက် အမျိုးသား၊ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသော အားကစားသမားအားလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် စတုတ္ထဆု၊ တတိယဆု၊ ဒုတိယဆုရရှိသောအသင်းများအားလည်းကောင်း၊ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးခဲ့ကြသည်။

ယင်းနောက် မြန်မာဘော်လီဘောလူမှုရေးအသင်း ဥက္ကဋ္ဌ ဦးရဲနိုင်က ပထမရရှိသော တွံတေးမြို့နယ် အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားအား ချီးမြှင့်ပေးသည်။

ထိုနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုသိန်းကပထမဆုရရှိသော အား/ကာသိပ္ပံ(ရန်ကုန်) အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားအားချီးမြှင့်ပေးသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၈ သင်း၊ အမျိုးသမီး ၆သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။