အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် ရှမ်းပြည်နယ်အတွင်းရှိ ရွှေညောင်၊ အောင်ပန်းနှင့်ကလောမြို့နယ်တို့ရှိ အားကားကွင်း/အားကစားရုံများအားလိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇန်နဝါရီ(၂၈)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ရှိ ရွှေညောင်အားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကိုမှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်ပန်းမြို့ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားရုံအတွင်း ခိုဌက်များမဝင်ရောက်နိုင်စေရေးအတွက် ဝင်ရောက်နိုင်သည့်အပေါက်များကို သံဇကာအသေးများဖြင့်ကာရံသွားရန်၊ ပွဲကြည့်စင်တွင် တပ်ဆင်ရန်၊ စတီးအလံတိုင်ပြုလုပ်သွားရန်နှင့် အားကစားကွင်းတွင် ရုံးဆိုင်းဘုတ်တပ်ဆင်ထားရှိရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ် အားကစားကွင်းသို့ သွားရောက်ခဲ့ပြီး အားကစားရုံပတ်လည်ရှိ ရေမြောင်းအဖုံးများအား ရေရှည်တည်တံစေရေးအတွက် သံဖြင့်ပြုလုပ် ဆောင်ရွက်သွားရန်၊ မီတာ ၄၀၀ ကျောက်စလစ်ပြေးလမ်းနှင့် ဘောလုံးကွင်းပတ်လည် ရေနုတ်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဘောလုံကွင်းအတွင်းရေရရှိစေရန် ရေစုတ်စက်နှင့် ပိုက်များတပ်ဆင်နိုင်ရေးအား ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအစီအစဉ်ဖြင့် ထောက်ပံ့ပေးသွားရန် မှာကြားခဲ့ကြောင်းသိရသည်။



