အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်မည့်မြေနေရာနှင့် ကိုးသိန်းအားကစားပြိုင်ကွင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ(၁၄)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် တာဝန်ရှိသူများသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရေးနှင့် လက်ရွေးစင်အားကစားသမားများကို အထောက်အကူပြုနိုင်မည့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၌ တည် ဆောက်မည့် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်း (ပုသိမ်)မြေနေရာကို ယနေ့နံနက်(၇)နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေး၍ မြေပြင် အနေအထားကို စနစ်တကျ တိုင်းတာပြီး ကျောင်းအဆောက်အဦနှင့် အားကစားလေ့ကျင့်ရေးကွင်း/ရုံ တည်ဆောက်မည့် အကွက်ချပုံစံ ရေးဆွဲတင်ပြသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့နယ်ရှိ ကိုးသိန်းအားကစားပြိုင်ကွင်းအား သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကွင်းရေစိမ့်မြောင်းပြုလုပ်ခြင်း၊ သဲ/နုန်းမြေဖြည့်ခြင်း၊ မြေသားပြုပြင် ခြင်းလုပ်ငန်းများကို ဂရုစိုက်၍ ကြီးကြပ် ဆောင် ရွက်သွားရန်၊ မြက်ဖြတ်ခြင်းများ ပုံမှန်ဆောင်ရွက်သွားရန်နှင့် ကိုးသိန်းအားကစားပြိုင်ကွင်းရှိ လက်ရှိပွဲကြည့်စင်များအစား ခေတ်မီပွဲကြည့်စင်များအဖြစ် ပြုပြင် တည်ဆောက်နိုင်ရေးနှင့် LED Score Board ထည့်သွင်းတပ်ဆင်နိုင်ရေး လျာထားဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတွင် ဝန်ထမ်း များနှင့်တွေ့ဆုံ၍ တစ်ဦးချင်း၏ ကျန်းမာရေးနှင့်လုံခြုံရေး ဂရုစိုက်ကြရန်၊ မိသားစုစိတ်ဓါတ်ဖြင့် စည်းလုံး ညီညွတ်စွာ တာဝန်ထမ်းဆောင်ကြရန်၊ အချင်းချင်း အထက်အောက်အပြန်အလှန်လေးစားကြရန်၊ တိုင်း ဒေသကြီးအတွင်း အားကစားတိုးတက်ရေးအတွက် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန်၊ လူငယ်များအသိပညာမြင့်မားပြီး အနာဂတ်နိုင်ငံ တော်အတွက် အဖိုးတန်လူငယ်များ ဖြစ်လာစေရေး စည်းရုံးဆောင်ရွက်သွားကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။