အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ(၁၃)။

အားကစားကွင်းနှင့် အားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယနေ့ နံနက်(၇)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားဝါသနာရှင်များနှင့် အများပြည်သူများ အားကစားလေ့ကျင့်ခန်းများ ပျော်ရွှင်စွာ လာ‌ရောက်ပြုလုပ်နိုင်‌စေရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ ဘောလုံးကွင်း  စိမ်းလန်းစိုပြေစေရေး၊ လူငယ်များ စိတ်ချမ်းမြေ့စွာကစားနိုင်‌စေရေးတို့ အတွက် ပုံမှန်မြက်ဖြတ်ခြင်းနှင့် သန့်ရှင်းသပ်ရပ်မှုရှိ‌စေရေး ဆောင်ရွက်သွား‌ရန်နှင့် ပွဲကြည့်စင်အား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ဖျာပုံမြို့နယ်ရှိ ခရိုင်အားကစားခန်းမအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားရုံအား ပုံမှန်သန့်ရှင်းမှုပြုလုပ်သွားရန်၊ အားကစားရုံရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံကြရန်၊ လုပ်ငန်းတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ  ကြိုးစားလုပ်ကိုင်ပြီး စာအုပ်စာပေများများ ဖတ်ရှုမှတ်သား၍ ပညာဝမ်းစာပြည့်အောင် ‌အမြဲတမ်းလေ့လာကြရန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်    ဘိုကလေးမြို့နယ် ပြည်သူ့အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းမြက်များအား ပုံမှန်မြက်ဖြတ်ခြင်းနှင့် သန့်ရှင်းမှု‌‌‌ ဆောင်ရွက်သွား‌ရေး၊ အားကစားကွင်း စိမ်းလန်းစိုပြေစေရေးဆောင်ရွက်သွားရန်၊ နွယ်မြက်များ၊ အမှိုက်သရိုက်များ ရှင်းလင်းပြီး သန့်သန့်ရှင်းရှင်းထားရှိရန်၊ အုတ်တံတိုင်းအား ဆေးပြန်သုတ်ခြင်းများပြုလုပ် သွားရန်မှာကြားခဲ့ပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ဘိုကလေးမြို့နယ် အားကစားခန်းမအား ကြည့်ရှုစစ်ဆေး၍ အားကစားဝါသနာရှင်များနှင့် အများပြည်သူများ လာရောက်ကစားရာတွင် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အားကစားရုံ ရေရှည်တည်တံ့စေ‌ရေးအတွက် ပုံမှန်သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ကျန်းမာရေး အထူးဂရုစိုက်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင် ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်ကျွန်းမြို့နယ် မော်ရွှေဝါအားကစားခန်းမနှင့် စားပွဲတင်တင်းနစ်လေ့ကျင့်ရေးစခန်း (မော်ကျွန်းကလပ်)အားလည်းကောင်း၊ အားကစားကွင်းအားလည်း‌ကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မော်ရွှေဝါအားကစားခန်းမ အမိုးများလဲလှယ်သွားရန် မှာကြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ်မှ ဝန်ထမ်းများအားတွေ့ဆုံ၍ တင်ပြချက်များအား ဖြည့်ဆည်းပေးခဲ့ပြီး လိုအပ်သည်များမှာကြား၍ အားကစားပစ္စည်းများကိုထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်ကျွန်းမြို့နယ် အားကစားပြိုင်ပွဲရုံသစ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကြမ်းခင်းများပြုပြင်ရန်နှင့်အလင်းတံခါးအား‌ ကျည်းဘောင်ပြန်‌ခွေပြီး မှန်များ ပြုပြင်သွားရန်၊ အားကစားရုံအတွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံနှင့် မော်လမြိုင်ကျွန်းမြို့နယ် ဗိုလ်ဗလအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့နယ်ရှိ ရွှေခယ်သီရိအားကစားကွင်းသို့ သွား‌ရောက်ကြည့်ရှု စစ်ဆေး၍ ဝန်ထမ်းများအား ရင်းရင်းနှီးနှီတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး လိုအပ်သည်များမှာကြား၍ အားကစား ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ဝါးခယ်မမြို့နယ်အားကစားကွင်းသို့ ကြည့်ရှုစစ်ဆေး၍ အုတ်တံတိုင်းများ ပြန်လည်ပြုပြင်သွားရန် မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ( ပေ ၃၈၀ ×‌ ပေ ၁၄၀) အဆင့်မြင့် ရေကူးကန် ပွဲကြည့်စင်ပါ မိုးလုံလေလုံ  Indoor Stadium လုပ်ငန်းတည်ဆောက်နေမှုအား လိုက်လံ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ပြီးနောက် ပုသိမ်မြို့နယ် ကျောက်တိုင်အားကစားပြိုင် ကွင်းသို့ သွားရောက်ကြည့်ရှုစစ်‌ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။