အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ (၁၁)ရက်။

လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် (၄၉)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား၊ အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ကျင်းပသည်။

ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူနည်းပြများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများနှင့် လက်ဝှေ့အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။

ယနေ့ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဖြစ် ဝိတ်တန်းအလိုက် အမျိုးသား (၄၈၊ ၅၁၊ ၅၇၊ ၆၃ ဒသမ ၅၊ ၇၁၊ ၈၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်ခြောက်ပွဲနှင့် အမျိုးသမီး(၄၆၊ ၅၇၊ ၆၃)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်သုံးပွဲ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး(၄၆)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်ပူးတွဲတတိယ ဆုရရှိခဲ့ကြသူများကို စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က လည်းကောင်း၊ အမျိုးသား(၄၈) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လည်းကောင်း၊ အမျိုးသား(၅၁)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လည်းကောင်း၊ အမျိုးသမီး(၅၇)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လည်းကောင်း၊ အမျိုးသား (၅၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်ပူးတွဲတတိယဆု ရရှိခဲ့ကြသူများကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လည်းကောင်း၊ အမျိုးသား(၆၃ ဒသမ ၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်ပူးတွဲတတိယဆု ရရှိခဲ့ကြသူများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က လည်းကောင်း၊ အမျိုးသမီး(၆၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ကြသူများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက လည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့အတူ အမျိုးသား (၇၁)ကီလိုတန်း ပြိုင်ပွဲတွင် ပထမရရှိသည့် စတီးရှူး (ဧရာဝတီ)၊ ဒုတိယရရှိသည့် ရှိုင်းထက်ကိုကို (ကချင်)၊ တတိယရရှိသည့် မင်းဝေအောင် (မန္တလေး)နှင့် ပူးတွဲတတိယရရှိသည့် ကျော်မျိုးဟန်(စစ်ကိုင်း)တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်ကလည်းကောင်း၊ အမျိုးသား (၈၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမရရှိသည့် စောငွေမိုး(ကရင်)၊ ဒုတိယရရှိသည့် သက်ထွန်းဇော်(ကချင်)၊ တတိယရရှိသည့် ခွန်ဇွဲမောင်မောင် (ရှမ်း)နှင့် ပူးတွဲတတိယရရှိသည့် ဝဏ္ဏစိုး(ရန်ကုန်)တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိခဲ့သည့် ဂင်ရှင်းမောင်(ချင်း)နှင့် အေးအေးပြည့်(တနင်္သာရီ)တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက လည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် ရွှေငါးခုနှင့် ကြေးတစ်ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က လည်းကောင်း၊ ရွှေသုံးခုဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကရင်ပြည်နယ်အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက လည်းကောင်း၊ ရွှေငါးခုနှင့်ကြေးလေးခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက လည်းကောင်း တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)