အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၁၉)။

ပြေးခုန်ပစ်အားကစားနည်း အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ကြိုးတပ်သံလုံးပစ်၊ (အမျိုးသား)(၁၀မျိုးစုံ) (အမျိုးသမီး)(၇မျိုးစုံ)ပြိုင်ပွဲ (အမျိုးသမီး) ကီလိုမီတာ(၂၀)လမ်းလျှောက်၊ (အမျိုးသား/အမျိုးသမီး) မီတာ (၁၀၀၀၀)၊ (အမျိုးသား/အမျိုးသမီး)သံလုံးပစ်၊ (အမျိုးသား) တုတ်ထောက်ခုန်၊ (အမျိုးသား/ အမျိုးသမီး) မီတာ (၄၀၀x၄) လက်ဆင့်ကမ်း၊ (အမျိုးသား/ အမျိုးသမီး) မီတာ၂၀၀၊ (အမျိုးသမီး)တန်းမြင့်ခုန်၊ (အမျိုးသား/ အမျိုးသမီး)မီတာ(၈၀၀) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအားဆက်လက်ကျင်းပခဲ့ရာ အမျိုးသားမီတာ (၁၀၀) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထက်ရှိုင်းအောင်(တနင်္သာရီ)၊ ဒုတိယဆုရရှိသည့် ကောင်းဆက်ဇော် (တနင်္သာရီ)၊ တတိယဆု ရရှိသည့် ဇေယျာဖြိုး(စစ်ကိုင်း)၊ အမျိုးသမီးမီတာ (၁၀၀)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နွေးဦးနိုင်(တနင်္သာရီ)၊ ဒုတိယဆုရရှိသည့် ကေဇင်မြင့်(တနင်္သာရီ)၊ တတိယဆုရရှိသည့် ဒေးမြှာ (ကယား)နှင့် အမျိုးသားတုတ်ထောက်ခုန်ပြိုင်ပွဲတွင်ပထမဆုရရှိသည့် ချစ်သွေးညီ (စစ်ကိုင်း)၊ ဒုတိယဆုရရှိသည့် ကျော်စွာသိန်း( ရှမ်း)၊ တတိယဆုရရှိသည့် အောင်ကျော်မင်း (ဧရာဝတီ) တို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်ကလည်းကောင်း၊ (အမျိုးသမီး)သံလုံးပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နွယ်နွယ်စန်းဝင်း(စစ်ကိုင်း)၊ ဒုတိယဆုရရှိသည့် လှဝန်းခန့်(စစ်ကိုင်း)၊ တတိယဆုရရှိသည့် မေဖြိုးသူ (ပဲခူး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ (အမျိုးသား)တန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထက်အောင်အောင် (ရန်ကုန်)၊ ဒုတိယဆုရရှိသည့် ရာဇာဖြိုး(စစ်ကိုင်း)၊ တတိယဆုရရှိသည့် လွင်သူမင်းခန့်(တနင်္သာရီ)တို့အား ညွှန်ကြားရေးမှူး ဦးစန်းချိုကလည်းကောင်း၊ (အမျိုးသား)သံလုံးပစ်ပြိုင်ပွဲ တွင် ပထမဆုရရှိသည့် ထက်ဝေယံ (ရှမ်း)၊ ဒုတိယဆုရရှိသည့် ကောင်းထက်စံ(မွန်)၊ တတိယဆုရရှိသည့် ထက်ကောင်းဝေ(မကွေး)နှင့် (အမျိုးသား) သုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဟိန်းထက်အောင်(မန္တလေး)၊ ဒုတိယဆုရရှိသည့် စိုင်းထက်ပိုင် (တနင်္သာရီ)၊ တတိယဆုရရှိသည့် သူရိန်ထွန်း(စစ်ကိုင်း)တို့အား ညွှန်ကြားရေးမှူးဦးရဲလွင်က လည်းကောင်း၊ (အမျိုးသား)မီတာ(၄၀၀x၄) လက်ဆင့် ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသော တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် (အမျိုးသမီး)မီတာ(၄၀၀X၄)လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား ရှမ်းပြည်နယ်အသင်းအဖွဲ့ခေါင်းဆောင်ကလည်းကောင်း၊ (အမျိုးသမီး) မီတာ(၈၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် နွေယမင်းသူ(တနင်္သာရီ)၊ ဒုတိယဆုရရှိသည့် နှင်းရွှေရည် (ချင်း)၊ တတိယဆုရရှိသည့် အိသက်မွန် (မန္တလေး)နှင့် (အမျိုးသား)မီတာ(၅၀၀၀) အပြေးပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ကျော်မင်းအောင်(ရှမ်း)၊ ဒုတိယဆုရရှိသည့် သန့်ဖုန်းအောင်( ရန်ကုန်)၊ တတိယဆုရရှိသည့် နိုင်ထန်း(ရန်ကုန်)တို့အား ရှမ်းပြည်နယ်အသင်းအုပ်ချုပ်သူကလည်းကောင်း၊ (အမျိုးသား)(၁၀)မျိုးစုံ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် သက်ပိုင်ဦး(ရန်ကုန်)၊ ဒုတိယဆုရရှိသည့် ရဲမင်းထက်( စစ်ကိုင်း)၊ တတိယဆု ရရှိသည့် သက်ပိုင်စိုး( မန္တလေး)တို့အား ရန်ကုန်တိုင်းဒေသကြီးအသင်းအုပ်ချုပ်သူကလည်းကောင်း၊ (အမျိုးသမီး)မီတာ (၅၀၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အိအိဝိုင်း (တနင်္သာရီ)၊ ဒုတိယဆုရရှိသည့် နှင်းပွင့်အောင်(စစ်ကိုင်း)၊ တတိယဆုရရှိသည့် ဇာဇာထွန်း(မန္တလေး)တို့အား တနင်္သာရီတိုင်းဒေသကြီး အသင်းအုပ်ချုပ်သူကလည်းကောင်း၊ (အမျိုးသား)မီတာ (၈၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဖြိုးကျော်ဇင်ဦး(ရှမ်း)၊ ဒုတိယဆုရရှိသည့် စောအယ်မှူး(ကယား)၊ တတိယဆုရရှိသည့် သက်ဝေဖြိုး(စစ်ကိုင်း)တို့အား ကယားပြည်နယ်အသင်းအုပ်ချုပ်သူကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယနေ့ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် (အမျိုးသား)မီတာ(၂၀၀)ပြိုင်ပွဲတွင် ထက်ရှိုင်းအောင်(တနင်္သာရီ)သည် (၂၁.၃၈)စက္ကန့်ဖြင့် ၂၀၀၄ခုနှစ်တွင် ဝေဖြိုးအောင်(မကွေး)တင်ခဲ့သည့် စံချိန်(၂၁.၉၀)စက္ကန့်ထက်သာလွန် ကောင်းမွန်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးစံချိန်သစ်အားလည်းကောင်း၊ (အမျိုးသား)မီတာ(၈၀၀) ပြိုင်ပွဲ တွင် ဖြိုးကျော်ဇင်ဦး(ရှမ်း)သည်(၁:၅၃:၄၄)စက္ကန့်ဖြင့် ၂၀၂၃ခုနှစ်တွင် ဟိန်းထက်အောင်(မန္တလေး)တင်ခဲ့သည့် စံချိန်(၁:၅၃:၆၃)စက္ကန့်ထက်သာလွန်ကောင်းမွန်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးစံချိန်သစ်အားလည်းကောင်း၊ (အမျိုးသား)သံလုံးပစ်ပြိုင်ပွဲတွင် ထက်ဝေယံ(ရှမ်း)သည် စံချိန်(၁၅.၀၃)မီတာဖြင့် ၁၉၇၃ခုနှစ်တွင် စောဆာလောလတင်ခဲ့သည့် (၁၄.၈၀)မီတာထက်သာလွန်ကောင်းမွန်ပြီး မြန်မာပြည်စံချိန်သစ်တင်နိုင်ခဲ့သည့်အပြင် ၂၀၀၃ခုနှစ်တွင် အောင်မိုးဝင်း(ရှမ်း)တင်ခဲ့သည့်စံချိန်(၁၃.၈၀)မီတာထက်လည်း သာလွန် ကောင်းမွန်သည့်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး စံချိန်သစ်အားလည်းကောင်း အသီးသီး စံချိန်သစ်များ တင်နိုင်ခဲ့သည်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာ(၂၀)ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ၏ နောက်ဆုံးနေ့ပြိုင်ပွဲ ပွဲစဉ်များကို နံနက်(၆)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။