အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားခြင်း

နေပြည်တော်၊ ဧပြီ ၁၁ ။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လိုက်ပါလျက် ဧပြီလ ၁၀ ရက် မနက်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားပြိုင်ကွင်းအတွင်းရှိ ပရိသတ် ၂၀၀၀ ဆန့် ဘက်စုံသုံးအားကစားရုံသို့ ရောက်ရှိ ပြီး မန္တလာသီရိပင်မအားကစားကွင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို အားပေးစကားပြောကြားကာ တစ်ဦးချင်းထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော မန္တလေး ငလျင်ဒဏ်ကြောင့် ဘက်စုံသုံးအားကစားရုံမှန်များနှင့် နံရံကွဲအက်မှုများ၊ လက်ဝှေ့အားကစားရုံ နံရံကွဲ အက်မှုများတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သည် များ မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပရိသတ် ၃၀၀၀၀ ဆံ့ မန္တလာသီရိပင်မ ဘောလုံးကွင်း အတွင်း ငလျင်ဒဏ်ကြောင့် အားကစားကွင်း ဝင်ပေါက်များပျက်စီးမှု၊ ဧည့်သည်တော်များ ပွဲကြည့်စင် ပျက်စီးမှု၊ အားကစားသမားအဝတ်လဲခန်းများပျက်စီးမှု၊ ကွင်းပတ်လည်ရှိ ပွဲကြည့်စင်အောက်ခြေ နံရံများ၊ အောက်ခြေတိုင်များပျက်စီးမှု၊ တောင်ဘက်နှင့် မြောက်ဘက်ပွဲကြည့်စင်အမိုးပျက်စီးမှုများကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများ ရှင်းလင်းဖယ်ရှားရေး၊ ဆယ်တင်ပစ္စည်းများ စနစ်တကျ သိမ်းဆည်းရေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နည်းပညာရပ်၊ ပညာရှင်များ စစ်ဆေးပြီး ပါက အကြံပြုချက်များအတိုင်း ပြန်လည်ပြုပြင်နိုင်ရေးကိစ္စများကို မှာကြားခဲ့ပြီး တင်ပြချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ်ရှိ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မန္တလေးဘောလုံးအကယ်ဒမီသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ဘောလုံးအကယ်ဒမီ ကျောင်း အဆောက်အဦပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ် အားကစားကွင်းသို့ ရောက်ရှိပြီး ဘောလုံးကွင်းအတွင်း ရုံးခန်းနှင့် ဝန်ထမ်းနေအိမ်ပျက်စီးမှု၊ ရေစင်ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းခရိုင်အားကစားကွင်းသို့ရောက်ရှိပြီး ဖူဆယ် အားကစားရုံ၊ ဂါလံ ၂၀၀၀ ဆန့်ရေစင်၊ ပတ်လည်အုတ်တံတိုင်းနှင့် အဝင်မုဒ်ဦးများ၊ အားကစားသမား များအိပ်ဆောင်၊ ဝန်ထမ်းနေအိမ်များနှင့် ပွဲကြည့်စင်များတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ စစ်ကိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းခရိုင်နှင့် စစ်ကိုင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ဝန်ထမ်းများအတွက် ဆန်၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ကုလားပဲ၊ မုန့်မျိုးစုံ၊ ဒန်အိုးများ၊ ပလတ်စတစ်ဇလုံများ၊ အဝတ်အထည်များနှင့် ဆိုလာမီးများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်း တစ်ဦးချင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ အတွက် စိတ်ဓာတ်မကျကြရန်၊ ပျက်စီးမှုများကို ပြန်လည်ရှင်းလင်းပြီး ဆယ်တင်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းကြရန် လုံခြုံရေးဂရုပြုကြရန်၊ ငလျင်ဒဏ်ကြောင့် လူအများ ယာယီစုပေါင်း နေထိုင်နေကြသဖြင့် ဝမ်းရောဂါကဲ့သို့ ကူးစက်ရောဂါများ မဖြစ်ပွားစေရေး တစ်ဦးချင်းနေထိုင် စားသောက်မှုနှင့် ကျန်းမာရေးကို ဂရုစိုက်ကြရန်၊ ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် အထက်အောက် အပြန်အလှန်လေးစားကာ စည်းစည်းလုံးလုံးနေထိုင်ကြရန် မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ရုံအဆောက်အဦပျက်စီးမှု၊ စားပွဲတင်တင်းနစ်အားကစားရုံနှင့် GYM အားကစားရုံပျက်စီးမှု၊ စစ်ကိုင်းခရိုင်အားကစားရုံပျက်စီးမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ နေရာ ချထားမှု၊ စစ်ကိုင်းမြို့နယ် ဘောလုံးကွင်းအုတ်တံတိုင်းပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများရှင်းလင်းရေး၊ ဆယ်တင်ပစ္စည်းများ စနစ်တကျ သိမ်းဆည်းရေး၊ ပြန်လည်ပြုပြင်ရေး ကိစ္စများကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့နယ် ဘောလုံးကွင်းအတွင်း စစ်ကိုင်းမြို့ ကယ်ဆယ်ရေးနှင့် အပျက်အစီးရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ နေထိုင်မှုများကိုကြည့်ရှုပြီး တာဝန်ရှိသူများကို အားပေးစကားပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။