အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးမြို့ရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်း

နေပြည်တော်၊ ဇူလိုင် (၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့သို့‌ ရောက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့က ပဲခူးတိုင်းအားကစားရုံမှ ကြိုဆိုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာအတွင်းကျင်းပမည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးမှ ဘတ်စကက်ဘောအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသမားယှဉ်ပြိုင်နိုင်ရေးအတွက် ကျင်းပပြုလုပ်လျက်ရှိသည့် ခရိုင်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စားပွဲတင်တင်းနစ်အားကစားခန်းမကို ကြည့်ရှုစစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီး အားကစားအောင်မြင်ရေးအတွက် လိုအပ်သည့်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်း (၂၀၂၂-၂၀၂၃) (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်ရန်ပုံငွေကျပ် (၃၄၃၈.၈)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ပရိတ်သတ် (၄၀၇၀)ဆံ့ တိုင်းအားကစားကွင်း RC (၂)ထပ် အထူးတန်းပွဲကြည့်စင်တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းမြက်ခင်း ပြုပြင်ထိန်းသိမ်းရန် (Synthetic) ပြေးလမ်းခင်းနိုင်ရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းလျာထားရန်၊ ပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်သွားရန်၊ ယခုဘဏ္ဍာရေးနှစ်ရန်ပုံငွေကျပ် (၅၄.၈၂၄)သန်း အကုန်ကျခံဆောင်ရွက်မည့် အလျား (၉၀၀)ပေ၊ အနံ(၁၈)ပေ၊ ထု(၆)လက်မရှိ အားကစားဥယျာဉ်အဝင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို စံချိန်စံညွှန်းမီဆောင်ရွက်ရန်၊ နိုင်ငံတော်အတွက် အရန်အင်အားဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်ပါအတိုင်း ပညာပေးဟောပြောခြင်း၊ သင်တန်းဖွင့်လှစ်ခြင်း များဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားဥယျာဉ်အတွင်း (၂၀၂၂-၂၀၂၃) (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်ရန်ပုံငွေ ကျပ်(၂၄၈၈.၇၅)သန်း အကုန်ကျခံတည်ဆောက်ပြီးစီးခဲ့သည့် ပရိတ်သတ် (၂၁၀၀)ဆံ့ အားကစားရုံတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့ အသုံးပြုနိုင်ရေးအတွက် စနစ်တကျထိန်းသိမ်းရန်၊ နိုင်ငံတော်မှ ငွေကြေးအကုန်ကျခံ တည်ဆောက်ပေးပြီးဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီး အားကစားတိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်ကစားသမားမွေးထုတ်နိုင်ရေးအတွက် ကြိုးစာဆောင်ရွက်သွားရန်၊ မိုးရာသီကျရောက်ပြီဖြစ်သည့် အတွက် အားကစားဉယျာဉ်အတွင်း အရိပ်ရပင်၊ လေကာပင်များ စနစ်တကျစိုက်ပျိုးသွားရန် လမ်းညွှန်မှာ ကြားခဲ့ပြီတင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။