အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းအား သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ အရှေ့ဘက်ပွဲကြည့်စင်၊ တောင်ဘက်ပွဲကြည့်စင်၊ အနောက်ဘက်ပွဲကြည့်စင်၊ မြောက်ဘက်ပွဲကြည့်စင်များရှိ ပျက်စီးနေသော အဆောက်အဦအနေအထားများ၏ လက်ရှိအခြေအနေများ၊ ဘော်လီဘောအားကစားရုံ၊ တိုက်ကွမ်ဒို အားကစားရုံ၊ အလေးမအားကစားရုံ၊ စားရိပ်သာနှင့် အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ လျာထားသတ်မှတ်ထားသည့် အပိုင်းလိုက်အဆောက်အဦများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။