အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပ

နေပြည်တော်၊ ဧပြီ(၁၃)။

၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလဖြစ်သည့် ဧပြီလ(၁၃)ရက်နေ့တွင် ကျင်းပ သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အုပ်ချုပ်/နည်းပြ များနှင့် အားကစားသမားများ၏ ပျော်ပျော်ရွှင်ရွှင်ရေပက်ကစားခြင်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြဖျော်ဖြေခြင်းအခမ်းအနားကို ယနေ့ (အကြိုနေ့) နံနက်(၈)နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဌာနခွဲအသီးသီးမှ ဧည့်ခံကျွေးမွေးသည့် မြန်မာ့ရိုးရာအစားအစာများကို ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ အားကစား သမားများနှင့်အတူ စားသောက်ပြီး ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ဌာနခွဲများမှ ဝန်ထမ်းများက ယိမ်းအဖွဲ့များ၊ မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ၊ သင်္ကြန်အကများ၊ Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများက ဖျော်ဖြေရေးအဖွဲ့များအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အကြိုနေ့)အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်။

အဆိုပါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အကြိုနေ့)အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။