အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယမန်နေ့ မွန်းလွဲပိုင်း တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် အားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်း မြက်ခင်းများ စိမ်းလန်းစိုပြေစေရေး၊ ရေဖျန်းစနစ်များ ကောင်းမွန်စေရေးအတွက် ရေပိုက်လိုင်းများ ပြန်လည်စစ်ဆေးဆောင်ရွက်ရန်နှင့် ဘောလုံးကွင်းအတွင်း ခြံစည်းရိုး(Inner Fencing)နှင့် ဂိုးတိုင်၊ ဂိုးပိုက်များအား အမြဲတမ်းတောက်ပနေစေရန် ထုံး၊ ကော်ရည်နှင့် ဆေးများဖြင့် သုတ်လိမ်းသွားရန် လိုကြောင်း၊ ရေစိမ့်မြောင်းများပေါ်ရှိ မြေများ အနည်းငယ် နိမ့်ကျလာသဖြင့် မြေသား Level ညီအောင် ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ မီတာ(၄၀၀) Synthetic ပြေးလမ်းခင်းကျင်းခြင်းကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ဖူဆယ်အားကစားကွင်း/ အားကစားရုံ၊ ခြင်းလုံးအားကစားရုံတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများ စည်းလုံးညီညွတ်စွာ အတူတကွ ပူးပေါင်းလက်တွဲပြီး လုပ်ငန်းတာဝန် များကို ကျေပွန်စွာထမ်းဆောင်၍ အားကစားကွင်း/အားကစားရုံများ သန့်ရှင်း သာယာလှပအောင် နေ့စဉ် သန့်ရှင်းရေးများ ပုံမှန်ပြုလုပ်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ် ဘားအံမြို့သို့ ထွက်ခွာခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး နှင့် တာဝန်ရှိသူများက သွားရာက်ကြိုဆိုခဲ့ကြသည်။

ထို့နောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ကရင်ပြည်နယ် လူငယ်စင်တာ သို့သွားရောက်ခဲ့ပြီး ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် “လူငယ်နှင့် ခေါင်းဆောင်မှု” လူငယ်စကားဝိုင်းသို့လည်းကောင်း၊ နွေရာသီ စားပွဲတင်တင်းနစ် သင်တန်းသို့လည်းကောင်း၊ စစ်တုရင်သင်တန်းသို့လည်းကောင်း ကျောင်းပေါင်းစုံတယောသင်တန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းရှိ အိပ်ဆောင်များ၊ အိမ်တွင်းမှုခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ပန်းချီသင်တန်း၊ အကခန်း၊ ဘုရားခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး အားပေးခဲ့ပြီးနောက် သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသူ/ သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် GYM အားကစားခန်းမ၊ စားပွဲတင်တင်းနစ် အားကစားခန်းမနှင့် ဖူဆယ်အားကစားရုံတို့အားလည်းကောင်း၊ ဖူဆယ်အားကစားရုံတွင် နွေရာသီ ဖူဆယ်ဘောလုံးသင်တန်း ဖွင့်လှစ်ထားရှိမှုအခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပြီးနောက် နည်းပြများအားတွေ့ဆုံ၍ ကရင်ပြည်နယ် ဖူဆယ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ အောင်သံလွင် ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းတွင်း ခြံစည်းရိုး (Inner Fencing)အား အမြဲတမ်း တောက်ပနေစေရန် ထုံး၊ ကော်ရည်နှင့် ဆေးများဖြင့် သုတ်လိမ်းသွားရန်လိုကြောင်း၊ အမြဲ စိမ်းလန်း စိုပြည်ပြီး သန့်ရှင်းမှုရှိစေရေးအတွက် သစ်ပင်ခြုံနွယ်များအား နေ့စဉ်သန့်ရှင်းရေးများ ပုံမှန်ပြုလုပ်၍ ရှင်းလင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်နယ်ကွင်း အဆင့်မီအောင် လုပ်ရမည်ဖြစ်ကြောင်း၊ ရေစင် များကို သန့်ရှင်းအောင်ထားရှိရန်လိုကြောင်း၊ အများပြည်သူများ လာရောက်လေ့ကျင့် ကစားချင်စိတ် ဖြစ်စေရေးအတွက် အစဉ်အမြဲသာယာလှပအောင် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။