အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံအီလက်ထရောနစ်အဖွဲ့ချုပ်တို့အားတွေ့ဆုံ

ရန်ကုန်၊ ဩဂုတ်လ ၁၆ ရက်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်းရှိ ဝန်ကြီးဧည့်ရိပ်သာ၌ မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း နှင့်တာဝန်ရှိသူတို့အားတွေ့ဆုံရာ နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှု ဆုတံဆိပ်များရရှိနိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်နိုင်ရေး ၊ ပြိုင်ပွဲကွင်းပြင်ဆင် ဆောင်ရွက်ရေးများ၊ အားကစားအထောက်အကူပြုပစ္စည်းများရရှိနိုင်ရေး၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ကြိုးစားသွားကြရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံအီလက်ထရောနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံတို့နှင့် တွေ့ဆုံရာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အောင်မြင်မှု ဆုတံဆိပ်များရရှိခဲ့မှုနှင့် ကမ္ဘာ့အဆင့် E sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆု ဆွတ်ခူးရယူခဲ့ပြီး အမိမြန်မာနိုင်ငံ၏ ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သည့် အတွက် နိုင်ငံတော်က များစွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဂုဏ်ပြုချီးမြှင့်ပွဲများကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားသမားများကလည်း အခြား Event အမျိုးအစားပြိုင်ပွဲများ၌ ယခုလို အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရန် တွေ့ဆုံဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရသည်။