အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် အားကစားဆိုင်ရာ အရာရှိကြီးများအစည်းအဝေး၊ (၈)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်

နေပြည်တော်၊ အောက်တိုဘာ ၁၉

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့၊ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက် အားကစားဆိုင်ရာ အဆင့်မြင့် အရာရှိကြီး များအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တက်ရောက်ရန်အတွက် အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစား နှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့သည် (8M 450) မြန်မာ့လေကြောင်းလိုင်းများဖြင့် ၂၀၂၅ ခုနှစ်အောက်တိုဘာ ၁၂ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ အသီးသီးထွက်ခွာခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံပို့ဆောင်ခဲ့ သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ (Melia Hotel, Hanoi, Viet Nam) မဲလ်လီရာဟိုတယ် Thang Long Ballroom (7th Floor)၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက် အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်(၅၀)ဦးခန့် တက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့နှင့်အတူ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ (Melia Hotel, Hanoi, Viet Nam) မဲလ်လီရာဟိုတယ် Thang Long Ballroom (7th Floor)၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၈)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်ပါဝင်‌ဆွေးနွေးခဲ့ပြီး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမှ အာဆီယံအားကစားဆိုင်ရာ အဆင့်အတန်းများနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍပေါင်းစုံဖြင့် အဖက်ဖက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကိုလည်း နှစ်စဉ် အမြဲမပြတ် ကျင်းပဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် (၃၅) ဦးခန့် တက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့မှ တက်ရောက်လာသည့် အားကစားဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများကို တွေ့ဆုံခဲ့ပြီး နောင်ပြိုင်ပွဲကျင်းပမည့် အရှေ့တောင်အာရှ၊ အာရှ အားကစားပြိုင်ပွဲများတွင် အများသဘောတူညီသည့် သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအားကစားနည်းများ ကို စနစ်တကျထည့်သွင်းကျင်းပနိုင်ရေးနှင့် ဒေသတွင်း အားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်မှုစနစ်အား ပြိုင်ပွဲနီးချိန်ကာလ (၂)ပတ်အလို ဖိတ်ကြားမှုအစားအနည်းဆုံး(၃)လကြိုတင် ဖိတ်ကြားမှုစနစ်ကို စီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ-(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့နှင့်အတူ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ (8M 451) လေကြောင်း လိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ သွားရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။