အားကစားရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

ရန်ကုန်၊ ဇွန် ၂၅

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် (ဦးဝိစာရလမ်း)ရှိ အမျိုးသားရေကူးကန်၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားသမားများ တက်ရောက်ခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသားမီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲတွင် ပထမဆုရရှိသော အောင်လှိုင်မင်း (ကချင်ပြည်နယ်)၊ ဒုတိယဆု ရရှိသောအောင်မြတ်မျိုး (ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသော ရှင်းသန့်မောင်(ရန်ကုန်တိုင်းဒေသကြီး)တို့ကို မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း ကလည်းကောင်း၊ အမျိုးသမီး မီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲတွင် ပထမဆုရရှိသော ဆိုင်းနုပန် (ကချင်ပြည်နယ်)၊ ဒုတိယဆုရရှိသော အိမ့်သွန်းခိုင်(ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသော သွန်းယမုံထွန်း(ဧရာဝတီတိုင်းဒေသကြီး)တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်ကလည်းကောင်း၊ အမျိုးသားမီတာ(၅၀)အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသော ဟိန်းသူရအောင် (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော အောင်မြတ်မျိုး(ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသော မြင့်မြတ်ဟိန်း(နေပြည်တော်ကောင်စီ)တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းကလည်းကောင်း၊ အမျိုးသမီးမီတာ(၅၀)အလွတ်ကူး ပြိုင်ပွဲတွင် ပထမဆုရရှိသော ညွှန့်ညွှန့်အောင်(ဧရာဝတီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ယွန်းသဒ္ဒါအောင်(ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆု ရရှိသောလွင်မှူးသော်(တနင်္သာရီတိုင်းဒေသကြီး) တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ကလည်းကောင်း၊ အမျိုးသားမီတာ(၅၀x၄)လွန်းပျံအလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော စစ်ကိုင်း တိုင်းဒေသကြီးအသင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမျိုးမြင့်အောင်ကလည်းကောင်း၊ အမျိုးသမီးမီတာ (၅၀x၄)လွန်းပျံအလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိ သော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယဆု ရရှိသော ရှမ်းပြည်နယ်အသင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးတို့ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ရွှေတံဆိပ် ၄ ဆုဖြင့် အကောင်းဆုံး အမျိုးသမီးအားကစားသမားဆုရရှိသော နေရည်လင်းထွန်း(ရန်ကုန်တိုင်းဒေသကြီး)ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်ကလည်းကောင်း၊ ရွှေတံဆိပ် ၃ ဆုဖြင့် အကောင်းဆုံး အမျိုးသားအားကစားသမားဆုရရှိသော ဟိန်းသူရအောင်(ရန်ကုန်တိုင်းဒေသကြီး)ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းတို့က Trophy နှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် စုစုပေါင်း ရမှတ် ၁၂၅ မှတ်ဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလား ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး ကလည်းကောင်း၊ စုစုပေါင်း ရမှတ် ၁၂၈ မှတ်ဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလား ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာမေသန်းနွယ်တို့က တံခွန်စိုက်ဆုဖလားများကိုလည်းကောင်း၊ စုစုပေါင်းရမှတ် ၂၅၃ မှတ်ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီက စုပေါင်း တံခွန်စိုက်ဆုဖလားကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်း ခဲ့သည်။

မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ ရေကူးအားကစားပြန်လည်ဦးမော့ လာစေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် (ဦးဝိစာရလမ်း)ရှိ အမျိုးသားရေကူးကန်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း၊ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်းအင်အား ၂၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။