![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း Gold Camp နှင့် Youth Camp တို့မှ ပြေးခုန်ပစ်၊ ပီတန်းနှင့် ပိုက်ကျော်ခြင်းအားကစားသမားများ၏ GYM လေ့ကျင့်နေမှုများနှင့် အားကစားနည်းအလိုက်လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇွန် ၂၅
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတို့တွင် လေ့ကျင့်လျက် ရှိသည့် Gold Camp နှင့် Youth Camp တို့မှ ပြေးခုန်ပစ်၊ ပီတန်းနှင့် ပိုက်ကျော်ခြင်းအားကစားသမား များ၏ GYM လေ့ကျင့်နေမှုများနှင့် အားကစားနည်းအလိုက်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိ GYM ခန်းမတွင် ပြေးခုန်ပစ်အားကစားသမားများ၏ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှု ရှိစေရန်အတွက် GYM လေ့ကျင့်နေမှုများအားလည်းကောင်း၊ ပီတန်းလေ့ကျင့်ရေးကွင်း၌ ပီတန်း အားကစားသမားများ၏ Event အမျိုးအစားအလိုက် လေ့ကျင့်နေမှုများအားလည်းကောင်း လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ ဆုတံဆိပ် မျှော်မှန်းနိုင်သည့် အားကစားသမားများအား အပိုထပ်ဆောင်းထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရေး အတွက် အားကစားသမားများ၏ တစ်ဦးချင်းကိုယ်ရေးအချက်အလက်၊ ဆုတံဆိပ်ရရှိထားမှုနှင့် ဆုတံဆိပ်မျှော်မှန်းနိုင်သည့် အားကစားသမားများအား အားကစားနည်းအလိုက် အဆင့်သတ်မှတ်၍ အင်အားစာရင်း အတိအကျကို စိစစ်ခွဲထုတ်ပေးပြီး ပြန်လည်တင်ပြပေးသွားရန်၊ စခန်းဝင်လေ့ကျင့်မှု ပြုလုပ်သည့်အချိန်တွင် လက်ရည်ဆန်းစစ်ခြင်းနှင့် လေ့ကျင့်မှုကာလပြုလုပ်ပြီး ၃ လ အကြာတွင် လက်ရည်တိုးတက်မှု ရှိ/မရှိ ထပ်မံဆန်းစစ်ခြင်းများပြုလုပ်ဆောင်ရွက်သွားရန်၊ ထပ်တိုးစခန်းသွင်း လေ့ကျင့်မည့် အားကစားနည်း၊ အားကစားသမားအင်အားစာရင်းများအတိုင်း အမြန်ဆုံး စခန်းဝင် လေ့ကျင့်နိုင်ရေးအတွက် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ စီစဉ် ဆောင်ရွက်သွားရန်၊ ပြည်ပပြိုင်ပွဲများ စေလွှတ်ပေးနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်သွားရန်နှင့် အားကစားသမားအချင်းချင်း လက်ရည်ဆန်းစစ်ခြင်းများ ပြုလုပ်ပေးပြီး ပြိုင်ပွဲအတွေ့အကြုံများ ရရှိစေအောင် လစဉ်ပြိုင်ပွဲများကို ပြုလုပ်လေ့ကျင့်ပေးသွားရန်၊ ပိုက်ကျော်ခြင်းအားကစားနည်းအတွက် Event အမျိုးအစားအလိုက် အင်အားပြည့် စခန်းသွင်းလေ့ကျင့်နိုင်ရေးအတွက် မျိုးဆက်သစ်အားကစား သမားများရရှိအောင် အမြန်ဆုံး ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်နိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်နှင့် အားကစားသမားများအား စည်းကမ်းကောင်းမွန်အောင် စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ပြီး အားကစားသမားများ၏ ဘဝနောင်ရေးအတွက် အထောက်အကူဖြစ်စေရန် အရည်အချင်း သတ်မှတ်ချက်နှင့်ပြည့်မီပြီး အားကစားတွင် စိတ်နှစ်၍ ကြိုးစားအားထုတ်လေ့ကျင့်နေသူများကို ဝန်ထမ်းခန့်အပ်ပေးသွားမည်ဖြစ်၍ အားကစားသမားများ ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားအားထုတ်သွားရန်တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။




