အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇူလိုင် ၅ ရက်။

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များက လူကိုယ်တိုင်စနစ်ဖြင့်လည်းကောင်း၊ နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဗီဒီယိုကွန်းဖရင့် စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနအချင်းချင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများကြား၊ လူမှုအဖွဲ့အစည်းများနှင့် လူငယ်များကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖော်ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီတို့ကြား ဆက်စပ်ဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် လူငယ်များကို နည်းမှန်လမ်းမှန်နှင့် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လိုအပ်လျက်ရှိသည့်အတွက် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရေးနှင့် လူငယ်ရေးရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ လူငယ်များအချင်းချင်း ပူးပေါင်းဆာင်ရွက်တတ်စေရန်၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များကို ပြည်သူများနှင့် အသိုက်အဝန်းများအားလုံး သိရှိနိုင်စေရန်နှင့် လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှု၊ ကြိုးစားအားထုတ်မှုများကို အများပြည်သူ သိရှိနိုင်စေရန် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၁၂) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်များတွင် နှစ်စဉ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့် လူငယ်စုံညီပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားစေလိုကြောင်း၊ “လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တများ ကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်များရှိပြီး တိုင်းပြည်၏ ဂုဏ်ကိုမြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ်လာစေရေးအတွက် စနစ်တကျဖြင့် လေ့ကျင့်ပျိုးထောင် ပေးနိုင်ရန်” လိုအပ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ယခင်နှစ်ထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် လူငယ်ဖိုရမ် (Youth Forum)၊ လူငယ်လေ့လာရေးခရီးစဉ်နှင့် လူမှုအကျိုးပြု လုပ်ငန်းအစီအစဉ်များကိုလည်း ကျင်းပဆောင်ရွက် သွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားနှင့် ဆက်စပ်အစီအစဉ်များ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုအစည်းအဝေးအား ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏ အနာဂတ် ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု တစ်ရပ်ဖြစ်သည့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အားလုံးဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူငယ် ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ် လိုအပ်သည်များ အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား၊ ဆက်စပ် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများက လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသီးသီး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် အစည်းအဝေးလျာထားဆုံးဖြတ်ချက်များအား တင်ပြခဲ့ရာ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လိုအပ်သည်များကို ဖြည့်စွက်အတည်ပြုဆုံးဖြတ်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။