![]()
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့်လူငယ်နှင့်ကိုယ်ရည်ကိုယ်သွေး စကားဝိုင်းကျင်းပ
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “ လူငယ်နှင့်ကိုယ်ရည်ကိုယ်သွေး စကားဝိုင်း” ကို ယနေ့နံနက်ပိုင်တွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း ပညာဗိဗာန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းသား/ကျောင်းသူများက “ ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းအလေ့အထ ပျိုးထောင်ရန် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိရန်၊ သုတ၊ ရသစာပေများကို ဖတ်ရှုလေ့လာရန် တိုက်တွန်း လိုကြောင်း အဖွင့်အမှာစကားပြောကြား၍ အလှူငွေနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌန ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး အားကစားပစ္စည်းများပေးအပ်လှူဒါန်းသည်။





