![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပီတန်း၊ အလေးမနှင့် ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး
နေပြည်တော်၊ နိုဝင်ဘာ ၁၅
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချွန်ဘူရီနှင့် ဆုန်ခလာမြို့များတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက် ရှိသည့် ပီတန်း၊ အလေးမနှင့် ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပီတန်းလေ့ကျင့်ရေးကွင်း၌ လေ့ကျင့်လျက်ရှိသည့် ပီတန်း အားကစားနည်းမှ (အမျိုးသား/အမျိုးသမီး) Shooting , Mixed Double နှင့် Mixed Triple အမျိုးအစား အလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ၍ မိမိတို့ယခုရရှိထားသည့် ရမှတ်များထက် ပိုမို ကောင်းမွန်သည့် ရမှတ်များရရှိအောင် အခြေခံနည်းစနစ်များနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများကို ကျွမ်းကျင်ပိုင်နိုင်မှုရှိရန် ကြိမ်ဖန်များစွာ လေ့ကျင့်သွားရန်လိုကြောင်း၊ ယခင်ရရှိခဲ့သည့် အောင်မြင်မှု များတွင် ကျေနပ်နှစ်သိမ့်မနေဘဲ မကြာမီကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများရရှိအောင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ကြိုးစားအားထုတ်သွားရန်လိုကြောင်း၊ နောက်ဆုံးအကြိမ် လက်ရည်စမ်းပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် အားကစား သမားများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလေးမလေ့ကျင့်ရေးရုံ၌ လေ့ကျင့်လျက် ရှိသည့် အလေးမအားကစားသမားများ၏ ဝိတ်တန်းများအလိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီးနောက် မိမိတို့ရရှိထားသည့် စံချိန်ထက် သာလွန်ကောင်းမွန်စွာဖြင့် စံချိန်သစ်များရရှိခဲ့သည့် အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများကို ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲ ကာလနီးကပ်လာပြီဖြစ်၍ ပြိုင်ပွဲတွင် စံချိန်သစ်များ ထပ်မံတင်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားသွားကြရန်နှင့် ထိခိုက်ဒဏ်ရာများမရရှိအောင် အထူးဂရုစိုက် လေ့ကျင့်သွားကြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျူဒိုလေ့ကျင့်ရေးရုံ၌ ဂျူဒိုအားကစားသမား များနှင့် အုပ်ချုပ်/နည်းပြများအားတွေ့ဆုံ၍ ဆုတံဆိပ်များရရှိအောင် အချင်းချင်း စည်းစည်းလုံးလုံးဖြင့် ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ ပြိုင်ပွဲကာလနီးကပ်လာပြီဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက် ရန်နှင့် အိပ်ရေးဝဝအိပ်ရန် လိုအပ်ကြောင်း၊ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုရှိမှသာ လေ့ကျင့်မှုပြုလုပ် ရာတွင် မိမိလိုသလို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အောင်မြင်မှုအခြေခံ “စ”ခုနစ်လုံးဖြစ်သည့် “စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းအား၊ စည်းလုံးမှု၊ စံချိန်၊ စံညွှန်းနှင့် စံနှုန်း”များ ကောင်းမွန်ပိုင်နိုင်အောင် ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်း၊ ယခင်အောင်မြင်မှုများကို မေ့ထားပြီး ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ဂျူဒိုအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်သွားကြရန်နှင့် လူတိုင်းတွင် စိန်ခေါ်မှု၊ ကန့်သတ်ချက်၊ လိုလားချက်များစွာ ရှိသော် လည်း အမြဲတမ်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





